လှေသမားများကို ဂျပန်ရဲ ရှာဖွေ

December 5, 2017

လူမနေသည့် ကျွန်းကြီးပေါ် မြောက်ကိုရီးယား လှေသမားများကို ဂျပန်ရဲ ရှာဖွေ

ဂျပန်နိုင်ငံ ဟော့ကိုင်းဒိုး ကျွန်းမကြီးနားက လူမနေတဲ့ မတ်ဆုမဲ့ ခိုဂျိမကျွန်းပေါ်မှာ ပင်လယ်မှာ လှိုင်းကြမ်းနေလို့ လာပြီး ခိုလှုံနေတဲ့ မြောက်ကိုရီးယား လှေသမားတွေကို ရဲတွေက ဒီနေ့ လိုက်ရှာနေပါတယ်။ ကျွန်းပေါ်က တန်ဖိုးရှိတဲ့ ပစ္စည်းမှန်သမျှ အကုန်ပျောက်ကုန်ပြီး တံခါးလက်ကိုင်ဖုနဲ့ တံခါးပတ်တာကအစ နေ့စဉ်သုံးပစ္စည်းတွေလည်း ပျောက်ကုန်တယ်လို့ ကျွန်းကို စောင့်ရှောင့်နေတဲ့ ရှုစခု ယိုရှိဒက ပြောပါတယ်။ “သူတို့ ဒီမှာ ရက်အတော်ကြာကြာ နေခဲ့ပုံရတယ်။ ငါးခြောက် အကြွင်းအကျန်တွေ ထားခဲ့ကြတယ်” လို့ ဆိုပါတယ်။ ကျွန်းနဲ့ ပတ်သက်တဲ့ ငါးဖမ်းလုပ်ငန်းဌာနမှူး ယူဂျိဆတိုးက “အခြေအနေက ထင်ထားတာထက် ပိုဆိုးတယ်၊ စုံစမ်းစစ်ဆေးနေဆဲပဲ၊ မကြာခင် သတင်းအချက်အလက် အသေးစိတ်ကို ဖွင့်ပြောတော့မယ်လို့ ပြောပါတယ်။ ပျောက်ဆုံး ပစ္စည်းတွေထဲမှာ ရုပ်သံပြစက်တွေနဲ့ နေစွမ်းအင် ဖမ်းယူတဲ့ ဆိုလာပြား တွေလည်း ပါပါတယ်။ ဒီအရေးနဲ့ ပတ်သက်ပြီး မြောက်ကိုရီးယား ငါးဖမ်းသမားတွေကို ရဲတွေက ဒီဇင်ဘာ ၁၀ ရက်နေ့မှာ လူတွေ့မေးမြန်းဖို့ စီစဉ်ထားပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ကလည်း ဂျပန်ကမ်းရိုးတန်းစောင့်တပ်တွေဟာ ဂျပန်ကျွန်းနားက ရေပြင်မှာ မြောက်ကိုရီးယား ငါးဖမ်းလှေတစီးကို တွေ့လို့ စစ်မေးခဲ့ပြီး သင်္ဘောသားတွေကတော့ ရာသီဥတုဆိုးလို့ ခိုလှုံနေတာလို့ ပြောခဲ့ပါတယ်။
4 years Ago
Up