လှေမီးလောင်

August 15, 2018

ထိုင်ဝမ်ကမ်းလွန်တွင် ဝေလငါးကြည့်လှေ မီးလောင်၊ ခရီးသည် ၄၆ ဦးအား ကယ်ဆယ် (ရုပ်သံ)

ထိုင်ဝမ်ကျွန်း ဟွားလျန်မြို့နယ် ကမ်းလွန်မှာ လှေတစီးမီးလောင်လို့ ခရီးသည် ၄၆ ဦးကို ကယ်ဆယ်ခဲ့ရပါတယ်။ သြဂုတ် ၁၃ ရက် မွန်းလွဲတနာရီက ဟွားလျန်ဆိပ်ကမ်းကနေ ထွက်လာတဲ့ ဝေလငါးကြည့်လှေတစီး မီးလောင်ခဲ့တာပါ။ ထိတ်လန့်နေတဲ့ ခရီးသည်တွေက အနီးက သင်္ဘောကို အကူအညီ တောင်းခဲ့ပါတယ်။ ခရီးသည် ၄၆ ဦးလုံးကို ကယ်နိုင်ခဲ့ပြီး တယောက်ပဲ ခြေထောက်မှာ ဒဏ်ရာနည်းနည်း ရခဲ့ပါတယ်။ မတော်တဆဖြစ်ရတဲ့ အကြောင်းရင်းကို စုံစမ်းနေဆဲဖြစ်တယ်လို့ စီစီတီဗွီသတင်းမှာ ဖော်ပြထားပါတယ်။
3 years Ago
Up