လေဖြတ်​​၊ အာရုံ​ကြော​ရောဂါသည်များကို ရွှေမှုန်​နာ​ရေးကူညီမှုအသင်းက အပ်စိုက်ကုသပေးနေ

October 24, 2018

လေဖြတ်​​၊ အာရုံ​ကြော​ရောဂါသည်များကို ရွှေမှုန်​နာ​ရေးကူညီမှုအသင်းက အပ်စိုက်ကုသပေးနေ

လေဖြတ်​​လေငန်း​ရောဂါ၊ အာရုံ​ကြော​ရောဂါ​နဲ့ အ​ကြော​ရောဂါ ​ဝေဒနာသည်​​တွေအတွက်  အပ်​စိုက်​ကုပညာရှင်​​တွေက ​ရွှေမှုန်​နာ​ရေးကူညီမှုအသင်းရဲ့စီစဉ်​မှုနဲ့ ဟင်္သာတခရိုင်​မှာ ဆေးကုသ ပေးနေပါတယ်။ ဟင်္သာတခရိုင်​၊ ​ရွှေသာလျောင်း​ကျေးရွာမှာ ​အောက်​တိုဘာ ၂၃ ရက်​​မှ ၂၆ ရက်​​အထိ အပ်​စိုက်​ကုနဲ့ တိုင်းရင်း​ဆေးကုသမှု အလှူပွဲကို ၄ရက်ကြာ ကျင်းပနေတာဖြစ်ပါတယ်။ အပ်​စိုက်​ကုပွဲကို ဆရာကြီး ဦး​မောင်​​မောင်​လှိုင်​ဦးစီးတဲ့ မြန်​မာနိုင်​ငံ အပ်​စိုက်​ကု ပညာရှင်​များအသင်းက အပ်​စိုက်​ကုပညာရှင်​ ၂ဝ ​ကျော်​က ​ရွှေသာ​လျောင်း​ကျေးရွာ အပါအဝင်​ အနီးအနားရွာ​တွေက လူနာ​တွေကို အပ်​စိုက်​ကုသ​ပေးတဲ့အပြင်​ မြန်​မာတိုင်းရင်း​ဆေး​တွေပါ အခမဲ့​ဝေ ပေးခဲ့ကြပါတယ်​။ အပ်​စိုက်​ဆေးကုအလှူပွဲကို မျှ​ဝေခံစားတွဲလက်​များအဖွဲ့ကလည်း ကူညီပံ့ပိုး​ပေး​နေပြီး တနေ့ကို ဝေဒနာရှင်  ၂ဝဝ နီးပါး လာ​ရောက်​ဆေးကုသမှုခဲ့ယူနေကြတယ်လို့ သိရပါတယ်​။
3 years Ago
Up