လေဖြတ်ဝေဒနာသည်များ မိမိဘာသာ အစားစားနိုင်မည့် ကွန်ပျူတာဦးနှောက်ကြားခံစနစ်

March 30, 2017

လေဖြတ်ဝေဒနာသည်များ မိမိဘာသာ အစားစားနိုင်မည့် ကွန်ပျူတာဦးနှောက်ကြားခံစနစ်

အသက် ၅၆ နှစ်အရွယ် လေဖြတ်ဝေဒနာသည်တဦးဟာ ကွန်ပျူတာဦးနှောက်ကြားခံစနစ် အကူအညီနဲ့ မိမိဘာသာ အစာစားနိုင်ကြောင်း အမေရိကန်သုတေသီတွေက မတ် ၂၈ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။ အဲဒီစနစ်ဟာ အတွေးတွေကိုဖတ်ပြီး အီလက်ထရွန်နစ်တွေဆီကို အချက်ပြချက်တွေ ထုတ်လွှင့်ကာ ကြွက်သားတွေကို လှုပ်ရှားစေတာပဲ ဖြစ်ပါတယ်။ ဒါဟာ လေဖြတ်ဝေဒနာသည်တွေကို ပိုမိုလှုပ်ရှားနိုင်အောင် ဒီဇိုင်းထုတ်ထားတဲ့ ကွန်ပျူတာဦးနှောက်ကြားခံစနစ် စမ်းသပ်ချက်ရဲ့ နောက်ဆုံးတွေ့ရှိချက် ဖြစ်ပါတယ်။ သုတေသနအဖွဲ့ဟာ အက်စ်ပရင်ဆေးအရွယ် အာရုံခံကိရိယာ ၂ ခုကို လူနာရဲ့ ဦးနှောက်ထဲကို ထည့်ခဲ့ပါတယ်။ အဲဒီ ၂ ခုမှာ အီလက်ထရုတ် ၉၆ ခုပါရှိပြီး အာရုံကြောလှုပ်ရှားမှုကို ဖမ်းယူနိုင်ပါတယ်။ အာရုံခံကိရိယာ ၂ ခုက ဦးနှောက်အချက်ပြချက်တွေကို မှတ်သားပြီး ကွန်ပျူတာဆီ ထပ်ဆင့် လွှင့်ပေးပါတယ်။ ကွန်ပျူတာက အချက်ပြချက်တွေကို လျှပ်စစ်လှုံ့ဆော်ရေးစနစ်ထဲ ပေးပို့တဲ့အခါမှာတော့ အဲဒါက  လူနာရဲ့ လက်မောင်းကြွက်သားထဲမှာ ထည့်ထားတဲ့ ဝါယာကြိုးအချောင်း ၃၀ ကို လှုံ့ဆော်ပေးပါတယ်။ အဲဒီနည်းနဲ့ လက်ကို လှုပ်ရှားနိုင်တာ ဖြစ်ပါတယ်။ အခုဆိုရင် လူနာဟာ တွေးလိုက်ရုံနဲ့ သူ့ရဲ့ညာလက်အဆစ်တွေကို လှုပ်ရှားနိုင်ပါတယ်။ လူနာဟာ ပိုက်နဲ့ ရေသောက်တာတို့၊ မျက်နှာသုတ်တာတို့လို အလုပ်တွေမှာလည်း အတွေးနဲ့ ထိန်းချုပ်တဲ့ကိရိယာ အကူအညီကိုသုံးကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
5 years Ago
Up