လေပြင်းကြောင့် ဘတ် သန်း ၂၀ တန် အဆောက်အဦ ပျက်စီး (ရုပ်သံ)

April 27, 2016

လေပြင်းကြောင့် ဘတ် သန်း ၂၀ တန် အဆောက်အဦ ပျက်စီး (ရုပ်သံ)

ဧပြီ ၂၆ ရက်က ထိုင်းနိုင်ငံ နတ်ခွန် ရတ်ချတ်စီးမာ ခရိုင်မှာ တိုက်ခတ်ခဲ့တဲ့  လေပြင်းကြောင့် အသစ်ဆောက်ထားတဲ့ ဘတ် သန်း ၂၀တန် အဆောက်အဦ ပျက်စီးသွားပါတယ်။ အရှေ့မြောက်ပိုင်း ခရိုင်မှာ တိုက်ခတ်ခဲ့တဲ့ လေပြင်းကြောင့် အိမ်က ပြိုလဲသွား ပျက်စီးသွားပါတယ်။ လေပြင်းကြောင့် လျှပ်စစ်ဓာတ်အားတိုင်တွေ၊ ကြော်ငြာဘုတ်တွေနဲ့ သစ်ပင်ကြီးတွေ လဲပြိုခဲ့သလို အိမ်နဲ့ ယာဉ်တွေလည်း မိုးသီးကြောင့် ပျက်စီးခဲ့ပါတယ်။ ဒီဖြစ်ရပ်ကို ရိုက်ကူးထားတဲ့ ရုပ်သံဖိုင်ကိုလည်း ဘန်ကောက်ပိုစ့် သတင်းဌာနက ဖော်ပြထားပါတယ်။
6 years Ago
Up