လေပြင်းတိုက်

September 30, 2018

သာစည်တွင် မိုးသက်လေပြင်းကြောင့် လူနေအိမ် ၈ လုံး အမိုးလန် ပျက်စီး

မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ ရွာပုလဲလေးကျေးရွာမှာ စက်တင်ဘာ ၂၉ ရက် နေ့လယ်ပိုင်းက မိုးသက်လေပြင်း တိုက်ခတ်တာကြောင့် လူနေအိမ် ၈ လုံး အမိုးလန် ပျက်စီးသွားတယ်လို့ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးက ပြောပါတယ်။ သာစည်မြို့နယ်ရဲတပ်ဖွဲ့မှူးက "လိုအပ်တာတွေ အကူအညီပေးနိုင်ဖို့ ပြောထားတယ်။ လူနဲ့တိရစ္ဆာန် ထိခိုက်မှု မရှိပါဘူး၊ သွပ်အချပ်ရေ ၉၀ နီးပါး ပျက်စီးသွားတယ်" လို့ ပြောပါတယ်။ ရွာပုလဲလေးရွာခံတဦးက "မိုးရော လေရော တပြိုင်တည်း လိုပါပဲ။ အဲအချိန်တုန်းက ကြောက်စရာပါပဲ။ ရွာလူကြီးနဲ့ ရပ်မိရပ်ဖတွေက အားလုံး စီစဉ်ပေးတယ်၊ မိုးထပ်ရွာရင် အမိုးလန်သွားတဲ့ မိသားစုတွေကို နီးစပ်ရာအိမ်တွေမှာ နေရာချပေးတယ်" လို့ ပြောပြပါတယ်။ သာစည်မြို့နယ်မှာ ၂၀၁၈ ခုနှစ်အတွင်း မိုးသက်လေပြင်း ကျရောက်မှုတွေ ခပ်စိပ်စိပ်ဖြစ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။ သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)
4 years Ago

August 13, 2018

ဥက္ကံတွင် လေပြင်းတိုက်ခတ်၍ လူနေအိမ် ၅ လုံး ပျက်စီး

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့မှာ  သြဂုတ် ၁၃ ရက် မနက် ၃ နာရီလေက်က လေပြင်းတိုက်ခတ်ပြီး မင်းရဲကျော်စွာရပ်ကွက်အတွင်းရှိ လူနေအိမ် ၅ လုံး အမိုးလန် ပျက်စီးသွားပါတယ်။ ပျက်စီးသွားတဲ့ နေအိမ်က ဒေါ်ကရင်မက “ကျမတို့မိသားစုတွေ အိပ်နေချိန်မိုးရွာပြီး လေတိုက်တယ်။ အစကလေက ဖြည်းဖြည်းတိုက်တာ။ နောက်လေကဝေါဆိုပြီး တိုက်လိုက်တာ အိမ်အမိုးတွေ အကုန်လန်ပြီး ပစ္စည်းတွေလေထဲပါသွားတယ်။ လေကတော်တော်ပြင်းတာ ညဘက်ဆိုတော့ လိုက်မကောက်တတ်လို့  ဘေးကအိမ်တွေမှာ နေရတယ်။ မနက်ကျမှ ပစ္စည်းတွေ လိုက်ကောက်ရတယ်” လို့ ပြောပါတယ်။ လေပြင်းတိုက်လို့ ပျက်စီးသွားတဲ့လူနေအိမ်က ၅ လုံး၊ လူဦးရေ ၁၆ ဦးနဲ့ ဆုံးရှုံးမှု တန်ဖိုးငွေကျပ် ၆ သိန်းဖိုလောက်ရှိတယ်လို့  အုပ်ချူပ်ရေးမှူးဦးတင်လှက ပြောပါတယ်။ သတင်း-မေသွယ်
5 years Ago
Up