ဂျွန်ဆင်ဘေဘီ ပေါင်ဒါကြောင့် သားအိမ်ကင်ဆာ ဖြစ်ခဲ့တယ်ဆိုပြီး ကုမ္ပဏီကို တရားစွဲဆိုခဲ့တဲ့ အမေရိကန်နိုင်ငံသူ ဂျီရန်နက်ချီနီရဲ့အမှုအား တရားရုံးက အမေရိကန်ဒေါ်လာ သန်း ၇၀ လျော်ကြေးပေးဖို့ အမိန့်ချမှတ်လိုက်ပါတယ်။
ဂျူရီတရားသူကြီးအဖွဲ့က အောက်တိုဘာလ ၂၇ ရက်နေ့မှာ ၃ နာရီကြာဆွေးနွေးပြီး အသက် ၆၂ နှစ်အရွယ် သူမအမှုကို အနိုင်ပေးခဲ့လို့ ဂျွန်ဆင်ဘေဘီ (
Johnson's baby) ကုမ္ပဏီအနေနဲ့ အမေရိကန်ဒေါ်လာ သန်း ၇၀ (ပေါင် ၅၈ သန်း) လျော်ကြေးပေးရတော့မှာပါ။
သူမဟာ ဒီဂျွန်ဆင်ရဲ့ကုန်ပစ္စည်းတွေကို ဆယ်စုနှစ် ၄ စုကျော်ကျော် သုံးစွဲခဲ့သူဖြစ်ပြီး ဒီပေါင်ဒါကို ပြုလုပ်ပြီး ဈေးကွက်ထဲမှာ ဖြန့်ဖြူးရောင်းချတာဟာ ကမ္ဘာနဲ့အဝှမ်းက သုံးစွဲသူတွေကို ဂရုမထားတဲ့ အပြုအမူပဲလို့ စွပ်စွဲလိုက်ပါတယ်။
အခုလို တရားရုံးရဲ့ဆုံးဖြတ်ချက်ကို အယူခံတင်သွားမယ်လို့ ဂျွန်ဆင်ပေါင်ဒါကုမ္ပဏီ ပြောခွင့်ရ မစ်စ်ကာရိုးလ်ဂွတ်ရစ်ခ်ျက ပြောပါတယ်။
“ဒီသားအိမ်ရောဂါ ခံစားရတဲ့အမျိုးသမီးနဲ့ သူမရဲ့မိသားစုအတွက် ကျမတို့က အများကြီးကိုယ်ချင်းစာပါတယ်။ ဒါပေမယ့် လည်း ကျမတို့က သိပ္ပံဆိုင်ရာ ညွှန်ကြားချက်အရ ကျမတို့ရဲ့ ဂျွန်ဆင်ပေါင်ဒါဟာ စိတ်ချအန္တရာယ်ကင်းတဲ့ ကုန်ပစ္စည်းဖြစ်လို့ ကျမတို့ဘက်ကတော့ ဒီနေ့တရားရုံးဆုံးဖျက်ချက်ကို အယူခံတင်သွားမှာပါလို့” ဆိုပါတယ်။
နယူးဂျာဆီအခြေပြု ကုမ္ပဏီကလည်း ဒီကုန်ပစ္စည်းဟာ ကျန်းမာရေး ပြဿနာကို ဖြစ်စေတဲ့ ဘာသိပ္ပံအထောက်အထားမှ မတွေ့ရသလို စိတ်ချရတဲ့ ပေါင်ဒါဖြစ်တယ်လို့ ပြောလိုက်ပါတယ်။
ကယ်လီဖိုးနီးယားပြည်နယ် မိုဒက်စတိုက မစ္စ ဂျီရန်နက်ချီနီဟာ ၂၀၁၂ မှာ သားအိမ်ကင်ဆာဖြစ်နေတယ်လို့ သိခဲ့ရပြီး ခွဲစိတ်မှုပြုလုပ်တာ၊ ဓာတ်ရောင်ခြည်နဲ့ကုသတာ၊ ဓာတုနည်းပညာနဲ့ကုသတာတွေ လုပ်ဆောင်ပြီးနောက် သူမဟာ နောက် ၂ နှစ်သာ အသက်ရှင်နိုင်ဖို့ ၂၀ ရာခိုင်နှုန်းပဲ ကျန်ရှိကြောင်းလည်း သိရပါတယ်။
ဂျီရန်နက်ချီနီရဲ့ရှေ့နေကလည်း သူမဟာ ဒီဂျွန်ဆင်ရဲ့ ကုန်ပစ္စည်းတွေကို သုံးခဲ့လို့ သားအိမ်အပါအဝင် ကိုယ်တွင်းအဂါင်္ ၂ ခု ထုတ်ပစ်လိုက်ရကြောင်း၊ ဂျွန်ဆင်ကုမ္ပဏီဟာ ဒီအန္တရာယ်ရှိတာကို သိရမှာဖြစ်ပြီး သုံးစွဲသူတွေကို သတိပေးဖို့ ပျက်ကွက်ခဲ့တယ်လို့ စွပ်စွဲလိုက်ပါတယ်။
သူမရဲ့အမှုလိုပဲ နောက်အမှု ၂ ခုလည်း ဒီလိုအနိုင်ရခဲ့ပေမယ့် ဂျွန်ဆင်ကုမ္ပဏီကတော့ အမှုတွေအားလုံးအတွက် အယူခံတင်ထားပါတယ်။
အမှုနိုင်ခဲ့သူတွေရဲ့ရှေ့နေက “ကျနော်အမှုလိုက်ပေးခဲ့တဲ့ သူတွေရဲ့ မိသားစုတွေဟာ ငွေအတွက်ကြောင့်ချည်းပဲမဟုတ်ပါဘူး ကျန်တဲ့ကုန်ပစ္စည်းသုံးစွဲသူတွေကို အသက်ကယ်ချင်တာရယ် ဂျွန်ဆင်ကုမ္ပဏီအနေနဲ့ မှန်မှန်ကန်ကန် လုပ်ဆောင်စေချင်တာကြောင့်လည်း ပါတယ်လို့” ပြောခဲ့ပါတယ်။
“ကုမ္ပဏီက ဒီလိုရောဂါဖြစ်စေတဲ့အကြောင်း ဘာသိပ္ပံအထောက်အထားမှ မရှိဘူးလို့ ပြောတာကလည်း အလိမ်အညာတွေပါဗျာ” ရှေ့နေက ထပ်ဖြည့်ပြောလိုက်ပါတယ်။
ရှေ့နေက ဒီဂျွန်ဆင်ကုမ္ပဏီဟာ နောက်ထပ် အလားတူအမှု ၄၀၀၀ လောက်လည်း တရားရင်ဆိုင်နေရတယ်လို့ ဆိုခဲ့ပါတယ်။
6 years Ago