လေးနှစ်ကြာ ဝတ္တရားမပျက် အဖွားအိုထံမှ မုန့်လာတောင်းသည့် သမင်လေး

April 25, 2017

လေးနှစ်ကြာ ဝတ္တရားမပျက် အဖွားအိုထံမှ မုန့်လာတောင်းသည့် သမင်လေး (ရုပ်သံ)

လူတွေနဲ့ တိရစ္ဆာန်တွေကြားက ချစ်ခြင်းမေတ္တာတရားဟာ တကယ့်ကို အံ့သြစရာ ကောင်းလှပါတယ်။ အချိန်နှစ်နဲ့ချီကြာအောင် ရှိနေခဲ့တဲ့ သံယောဇဉ်နဲ့ ချစ်ခြင်းတရားကို ဒီရုပ်သံဗွီဒီယိုဖိုင်ထဲမှာ တွေ့မြင်ရမှာပါ။ မက်တီကေဗမ်ဟာ အသက် ၈၁ နှစ်အရွယ် အငြိမ်းစား ပင်စင်စား မုဆိုးမအဖွားအိုတဦးဖြစ်ပြီး နော်ဝေနိုင်ငံ၊ တောင်ကုန်းထူထပ်တဲ့နေရာက အိမ်တအိမ်မှာ နေထိုင်သူပါ။ အမြဲလိုလိုဆာလောင်နေတတ်တဲ့ သမင်လေး ဖလစ်ပန်ကတော့ အဖွားအိုရဲ့အိမ်ကို တနေ့မှာ ၂ ကြိမ် နှစ်စဉ် ဝတ္တရားမပျက် လွန်ခဲ့တဲ့ ၄ နှစ်လောက်ကတည်းက မုန့်လာတောင်းနေခဲ့တာ ဖြစ်ပါတယ်။ ဒီကြည်နူးစရာအခိုက်အတန့်ကိုတော့ အသက် ၅၂ နှစ်အရွယ် လက်ထောက်စာကြည့်တိုက်မှူးတဦးဖြစ်တဲ့ ဘရစ်တ် ဟော့ဂ်ဆက်ဗ်ဂျီဗန်ဂဲန်က ရိုက်ယူထားနိုင်ခဲ့တာပါ။ သူဟာ တောင်ကုန်းတွေဘက် လမ်းလျှောက်ထွက်ခဲ့ချိန်မှာ ချစ်စရာကောင်းတဲ့ ဒီမြင်ကွင်းကို တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။ “မက်တီဟာ ဖလစ်ပန်ကို ပေါင်မုန့်တွေ ကျွေးနေခဲ့ပါတယ်။ သူတို့ဟာ တဦးနဲ့တဦး အဖော်ပြုနေကြပြီး ပျော်ရွှင်နေကြတာပါ။”
4 years Ago
Up