တရုတ်နိုင်ငံမှာ ကျင်းပမယ့် လေးနိုင်ငံ ဖိတ်ခေါ်ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် မြန်မာ့လက်ရွေးစင် ယူ-၂၁ အသင်းဟာ ဒီနေ့ တရုတ်နိုင်ငံကို ထွက်ခွာသွားပါတယ်။
မြန်မာ့လက်ရွေးစင်ယူ - ၂၁ အသင်းဟာ စက်တင်ဘာ ၄ ရက်နေ့မှာ အိမ်ရှင် တရုတ်ယူ -၂၁၊ ၆ ရက်နေ့မှာ ဥဇဘက်ကစ္စတန်ယူ ၂၁ အသင်း၊ ၈ ရက်နေ့မှာ တာဂျစ်ကစ္စတန်ယူ ၂၁ အသင်းနဲ့ ယှဉ်ပြိုင်ကစားသွားကြမှာပါ။
မြန်မာလက်ရွေးစင်ယူ-၂၁ အသင်းကို နည်းပြချုပ်အဖြစ် ဦးကြည်လွင်က တာဝန်ယူ ဆောင်ရွက်မှာဖြစ်ပြီး အုပ်ချုပ်နည်းပြအဖွဲ့ဝင် ၈ ယောက်၊ ကစားသမား ၂၂ ဦးတို့နဲ့ သွားရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
5 years Ago