လေးဖြူ

May 30, 2019

“မြန်မာတွေကိုယ်တိုင် ကြိုးစားရမယ်… ကိုယ်ကိုယ်တိုင်သာ ထုဆစ်ကြမယ်”-လေးဖြူသီချင်းသစ် (ရုပ်သံ)

“မြန်မာတွေကိုယ်တိုင် ကြိုးစားရမယ်… ကိုယ်ကိုယ်တိုင်သာ ထုဆစ်ကြမယ်… အချိန်တန်ရင် တနေ့တော့ရောက်မယ်… စုံညီဖို့လည်း မဝေးပြီမို့… အသင့်ပြင်ထားလိုက်” ဒါကတော့ အသစ်ထွက်ရှိလာတဲ့ နာမည်ကြီး ရော့ခ်တေးသံရှင် လေးဖြူရဲ့ သီချင်း သစ်တပုဒ်ထဲက စာသားတွေ ဖြစ်ပြီး ပရိသတ်တွေကြား ရေပန်းစားနေခဲ့တာ ဖြစ်ပါတယ်။ “တွေဝေငိုင်ကာ မတွေးနဲ့တော့လေ… ကိုယ်ကိုယ်တိုင်သာ ဘ၀မှာ စောင့်ရှောက်ရာတို့ ရှိပါစေလေ… ပေတေထိုင်ကာ မဆွေးနဲ့တော့လေ… ကိုယ်စီပိုင်တဲ့ ဘ၀တွေ… တို့ ကိုယ်တိုင်ပဲ အားထားလေ” မြန်မာကိုယ်တိုင်လို့ အမည်ပေးထားတဲ့ ဒီသီချင်းရဲ့ သံစဉ်ကိုတော့ လေးဖြူကိုယ် တိုင်ဖန်တီးထားခဲ့တာဖြစ်ပြီး အဓိပ္ပာယ်ပြည့်ဝတဲ့ စာသားတွေကိုတော့ ခွန်ဝင်းနောင်က ရေးဖွဲ့ပေးထားခဲ့တာ ဖြစ်ပါတယ်။ “လမ်းဟောင်းတွေ တွန်းလို့ဖယ်… လမ်းသစ်တွေ ပြောင်းလဲဖို့ ယုံကြည်… ယုံ ကြည်စိတ်ထားလို့… မြန်မာတွေကိုယ်တိုင် ကြိုးစားရမယ်… ကိုယ်ကိုယ်တိုင်သာ ထုဆစ် ကြမယ်… အချိန်တန်ရင် တနေ့တော့ရောက်မယ်… စုံညီဖို့လည်း မဝေးပြီမို့… အသင့်ပြင် ထားလိုက်” လမ်းဟောင်းတွေကို တွန်းဖယ်ပြီး ယုံကြည်စိတ်အပြည့်နဲ့ လမ်းသစ်ဖောက်ပြီး ကိုယ်စီကြိုးစားကြဖို့ တွန်းအားပေးရေးဖွဲ့ထားတဲ့ ဒီသီချင်းဟာ လေးဖြူရဲ့ အင်အားပါတဲ့ သီဆိုမှုပုံစံနဲ့ တမူထူးခြားနေခဲ့တာပါ။ လတ်တလောမှာတော့ ဒီသီချင်းဟာ လေးဖြူ အမာခံပရိသတ်တွေကြားမှာတော့ နာရီပိုင်းအတွင်း ၀င်ရောက်ကြည့်ရှုသူ သောင်းနဲ့ချီ ရှိနေခဲ့ပြီး ရေပန်းစားနေတာပါ။ “မြန်မာတွေကိုယ်တိုင် ကြိုးစားရမယ်… ကိုယ်ကိုယ်တိုင်သာ ထုဆစ်ကြမယ်… အချိန်တန်ရင် တနေ့တော့ရမယ်… စုံညီဖို့လည်း မဝေးတော့လို့… အသင့်ပြင်ထားတော့လေ” အသက် ၅၃ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ အဆိုတော် လေးဖြူဟာ ကန္တာရလမင်း၊ ပင်လယ်အော်သံစတဲ့ တကိုယ်တော်တေးအယ်လ်ဘမ်တွေနဲ့ ၁၉၉၀ ပြည့်လွန်ကာလ တွေကတည်းက ဂီတလောကထဲကို ၀င်ရောက်လာခဲ့သူဖြစ်ပြီး လက်ရှိအချိန်ထိ ပရိ သတ်အားပေးမှု အခိုင်အမာ ရရှိနေဆဲ ဖစ်တဲ့ ၀ါရင့်အဆိုတော်တဦးဖြစ်ပါတယ်။
3 years Ago

March 29, 2018

လေးဖြူသီဆိုသည့် 'ဒုဋ္ဌဝတီကိုလွန်၍' ရုပ်ရှင်ဇာတ်ဝင်တေး ပရိသတ်ကြား ရေပန်းစားနေ

နာမည်ကြီး ရော့ခ်အဆိုတော် လေးဖြူသီဆိုထားခဲ့တဲ့  'ဒုဋ္ဌဝတီကိုလွန်၍' ရုပ်ရှင် ဇာတ်ကားကြီးရဲ့ ဇာတ်ဝင်တေးဟာ ပရိသတ်တွေကြားမှာ ရေပန်းစားနေခဲ့ပါတယ်။ ဒီသီချင်းကို တေးရေးဆရာ 'သားပေါက် (Scorpio Music House)'က ရေးသားခဲ့တာ ဖြစ်ပြီး ပင်တိုင်တေးဂီတအဖွဲ့ဖြစ်တဲ့ Iron Cross တေးဂီတအဖွဲ့က တီးခတ်ထားတာ ဖြစ်ပါတယ်။ “ရာဇဝင်တွေကို မဖြိုဖျက်နဲ့… အလွန်တရာနက်နဲသော ပုစ္ဆာများထဲ… ရွှေအိုရောင် နန်းမြို့တို့ တန်ဖိုးများ မဖြတ်နိုင်ခဲ့… ဒီမြေမှာရှိတဲ့ သမိုင်းအမွေများရယ်… ဂုဏ်အရှိန်အဝါ ကြီးမြတ်ခြင်းတွေ… တို့အားလုံးရဲ့ ရင်ထဲ… အမြဲစီးဆင်းနေဆဲ… ဒုဋ္ဌဝတီရဲ့ သက္ကရာဇ်အိုများ…”စတဲ့ လှပတဲ့ သီချင်းစာသားတွေကို လေးဖြူရဲ့ အပြင်းစားရော့ခ်ဆန်ဆန် သီဆိုမှုတွေနဲ့အတူ နားဆင်နိုင်မှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားကို လူငယ်ဒါရိုက်တာ အာကာက ရိုက်ကူးပုံဖော်ထားခဲ့တာဖြစ်ပြီး Golden Hour Entertainment နဲ့ Arkar Production တို့က ပထမဆုံး တွဲဖက်ထုတ်လုပ်လိုက်တာပါ။ ဒီဇာတ်ကားထဲမှာ သရုပ်ဆောင်တွေအဖြစ် မင်းသား နိုင်းနိုင်း၊ ဇော်ဇော်အောင်နဲ့ ကချင်အမျိုးသမီးအဆိုတော် အမွန်းတို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ဒီဇာတ်ကားဟာ မထွက်မခင်ကတည်းက နာမည်ကြီး လူပြောများနေပြီး လေးဖြူ သီဆိုထားတဲ့ ဒီဇာတ်ဝင်သီချင်းကိုတော့ မတ်လ ၃ ရက်က ဖေ့စ်ဘွတ်ခ်ပေါ်မှတဆင့် တရားဝင် ထုတ်လွှင့်မျှဝေခဲ့ပါတယ်။
4 years Ago
Up