လေးဝိန်း

September 4, 2017

ဂရမ်မီဆုရှင် ရက်ပ်အဆိုကျော် လေးဝိန်း လေသင်တုန်းဖြတ်ပြီး သတိမေ့မြော

ဂရမ်မီဆုရှင် ရက်ပ်အဆိုကျော် လေးဝိန်းဟာ စက်တင်ဘာ ၃ ရက်က သူတည်းခိုရာ  ချီကာဂိုဟိုတယ်မှာ လေသင်တုန်းဖြတ်ပြီး သတိမေ့မြောသွားတာကြောင့် ဆေးရုံတင် ကုသခဲ့ရပါတယ်။ အသက် ၃၄ နှစ်အရွယ် လေးဝိန်းဟာ ရက်ပ်ဂီတလောကမှာ နှစ် ၂၀ ကျော်ကြာ နာမည်တလုံးနဲ့ ရပ်တည်ခဲ့သူလည်း ဖြစ်ပါတယ်။ သူဟာ ဆေးရုံမှာလည်း လေသင်တုန်းဖြတ်တဲ့ ဝေဒနာကို ဒုတိယအကြိမ် ခံစားခဲ့ရပါတယ်။ သူဟာ ၂၀၀၈ ခုနှစ်က “The Carter III” တေးအယ်လ်ဘမ်နဲ့ ဂရမ်မီဆု ရရှိခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၄ နှစ်ကလည်း လေးဝိန်းဟာ လေသင်တုန်းဖြတ်ဝေဒနာ ခံစားရနိုင်ခြေရှိတယ်လို့ Power 106 ရေဒီယိုကို ပြောကြားခဲ့ဖူးပါတယ်။ နယူးအော်လင်းမှာမွေးဖွားတဲ့ လေးဝိန်းဟာ အသက် ၉ နှစ်အရွယ်မှာ သူ့ရဲ့ ပရော်ဖက်ရှင်နယ် အဆိုတော်ဘဝကို စတင်ခဲ့သူလည်း ဖြစ်ပါတယ်။
4 years Ago
Up