လေးလံလွန်းသည့် မင်္ဂလာဝတ်စုံကြောင့် ရေနစ်တော့မလိုဖြစ်ခဲ့ရသည့် သတို့သမီး(ရုပ်သံ)

A d v e r t i s e m e n t With Us

October 19, 2016

လေးလံလွန်းသည့် မင်္ဂလာဝတ်စုံကြောင့် ရေနစ်တော့မလိုဖြစ်ခဲ့ရသည့် သတို့သမီး(ရုပ်သံ)

သတို့သမီး၊ သတို့သားစုံတွဲတတွဲဟာ မင်္ဂလာအခမ်းအနား ကျင်းပချိန်မှာ ရေကူးကန် တခုထဲကို မင်္ဂလာဝတ်စုံတွေနဲ့ ခုန်ချပြခဲ့ကြပါတယ်။ ဒါပေမယ့် သတို့သမီးဟာ ဝတ်ဆင်ထားတဲ့ ဝတ်စုံရဲ့ လေးလံမှုကြောင့် ရေနစ်တော့မလို ဖြစ်ခဲ့ရတာပါ။ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ သူတို့စုံတွဲဟာ ဝတ်ဆင်ထားတဲ့ ဝတ်စုံတွေကို အလေး မထားဘဲ ပရိသတ်တွေရှေ့မှာ လက်ချင်းချိတ်ကာ ရေကူးကန်ထဲကို ပြေးပြီး ခုန်ချခဲ့ကြတာကို တွေ့ရပါတယ်။ ဒါပေမယ့် ရေထဲကို ရောက်သွားချိန်မှာတော့ သတို့သမီးရဲ့ လေးလံတဲ့ ဝတ်စုံကြောင့် သူ့ကို ရေထဲဆွဲနှစ်သလိုဖြစ်နေခဲ့ကာ ဦးခေါင်းသာ ပေါ်နေခဲ့ပြီး ရုန်းကန်နေခဲ့ရတာကို တွေ့ရပါတယ်။ သတို့သားဟာ သတို့သမီး ရေထဲကို နစ်မြုပ်မသွားဘဲ ရေပေါ်မှာ ပေါ်နေနိုင်အောင် ဝတ်စုံရဲ့ အလေးချိန်ကို ထိန်းညှိထားခဲ့ရတယ်လို့ မေရာသတင်းတပုဒ်မှာ ဖော်ပြပါတယ်။ ကံကောင်းထောက်မစွာပဲ ကြည့်ရှုနေသူတွေက သတို့သမီးဆီကို သတ္တုချောင်း တခုကို ထိုးပေးခဲ့ပြီး ကမ်းပေါ် ပြန်တက်နိုင်အောင် ကူညီပေးခဲ့ရတာပါ။ နောက်ဆုံးမှာတော့ သူတို့ ၂ ဦးစလုံးဟာ ဘေးကင်းစွာနဲ့ ကမ်းပေါ်ပြန်တက်လာ နိုင်ခဲ့ပါတယ်။ ဒီရုပ်သံဗွီဒီယိုဖိုင်ဟာ လက်ဘနွန်နိုင်ငံ၊ ဘေရွတ်မြို့မှာ ရိုက်ကူးခဲ့တာဖြစ်ပြီး LiveLeak.com အင်တာနက်စာမျက်နှာပေါ်မှတဆင့် မျှဝေခဲ့ချိန်မှာ ဝင်ရောက်ကြည့်ရှုတဲ့ အကြိမ်ရေဟာ ၂၂ နာရီအတွင်း ထောင်နဲ့ချီ ရှိခဲ့တာပါ။
4 years Ago
Up