လေးမျက်နှာမြို့နယ်

A d v e r t i s e m e n t With Us

May 22, 2019

အိမ်မဲနှင့် လေးမျက်နှာမြို့နယ်တို့တွင် မိုးကြိုးပစ်ခံရ၍ လူ ၂ ဦးသေ၊ ၃ ဦးဒဏ်ရာရ

ဧရာဝတီတိုင်းဒေသကြီး အိမ်မဲမြို့နဲ့ လေးမျက်နှာမြို့တို့မှာ မေ ၂၀ ရက် ညနေပိုင်းက မိုးကြိုးပစ်ခံရလို့ လူ ၂ ယောက်သေဆုံးကာ ၃ ယောက် ဒဏ်ရာရတယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ ညနေ ၄ နာရီခွဲကျော်က အိမ်မဲမြို့နယ်၊ ညောင်ပင်စုရွာနေ အသက် ၃၅ နှစ်အရွယ် ကိုအောင်စိုးဟာ စပါးစိုက်ဖို့အတွက် လယ်ကန်သင်းတွေ ပိတ်နေတုန်း မိုးကြိုးပစ်ခံရလို့ နှာခေါင်း၊ ဝဲပါး၊ လက်မောင်း၊ ဝဲခါးစောင်း ပွန်းပဲ့ညိုမည်း ဒဏ်ရာတွေနဲ့ နေရာမှာတင် သေဆုံးခဲ့ပါတယ်။ လေးမျက်နှာမြို့နယ်၊ ညောင်ပင်ကွင်းရွာမှာလည်း ညနေ ၅ နာရီခွဲကျော်က အသက် ၁၄ နှစ်အရွယ် ကိုအောင်ကိုချစ် အပါအဝင် ရွာသား ၄ ယောက်ဟာ ရွာနားလယ်ကွင်းမှာ စပါးကြဲနေတုန်း မိုးကြိုးပစ်လို့ ကိုအောင်ကိုချစ်ရဲ့ ဘယ်ဘက်ရင်အုံ ညိုမည်းဒဏ်ရာရပြီး နေရာမှာပဲ သေဆုံးခဲ့ပါတယ်။ အတူအလုပ်လုပ်နေတဲ့ အသက် ၅၆ နှစ်အရွယ် ဦးသန်းထွန်း အပါအဝင် ၃ ယောက်ကတော့ ဒဏ်ရာတွေရခဲ့လို့ လေးမျက်နှာ ပြည်သူ့ဆေးရုံကို ပို့ဆောင်ကုသနေရပါတယ်။
2 years Ago
Up