လေ့လာသူပြော

April 29, 2017

လပေါ်တွင် လူဖန်တီးထားသည့် မြေအောက်လမ်းတွေ့ဟု လေ့လာသူပြော (ရုပ်သံ)

လေ့လာမှုအသစ်တခုမှ လကမ္ဘာပေါ်မှာ လျှို့ဝှက်မြေအောက်လမ်း ရှာဖွေတွေ့ရှိတယ်လို့ ပန်းကန်းပြားပျံ စူးစမ်းလေ့လာသူတဦးမှ အခိုင်အမာပြောကြားလိုက်ပါတယ်။ ပန်းကန်ပြားပျံ စူးစမ်းလေ့လာမှု အင်တာနက်စာမျက်နှာ Secure Team-10 အဖွဲ့ရဲ့တည်ထောင်သူ တိုင်လာဂလော့က်နာက အာကသယာဉ် အပိုလို ၁၅ မှ ရိုက်ကူးခဲ့တဲ့ ရုပ်ပုံတခုမှာ ပုံမှန်မဟုတ်တဲ့ ဖွဲ့စည်းမှုတခုကို တွေ့ခဲ့တယ်လို့ အခိုင်အမာ ပြောခဲ့တာပါ။ လမျက်နှာပြင် ရုပ်ပုံတခုက ညာဘက်ကို အရိပ်ထိုးနေတဲ့ ထောင့်မှန်စတုဂံပုံရိပ် အသေးတခုကို ပြနေတယ်လို့ဆိုပါတယ်။ ဒီအရာဝတ္တူကို လေ့လာတဲ့အခါမှာ ဒီထောင့်မှန်စတုဂံပုံက လူဖန်တီးတဲ့ပုံပေါ်နေပြီး မြေအောက် ဥမင်လိုဏ်ခေါင်းတစ်ခုနဲ့လည်း ချိတ်ဆက်နေလောက်တယ်လို့ တိုင်လာက အခိုင်အမာ ပြောလိုက်တာပါ။ “ဒီပုံတွေကြည့်ရတာ မူလအစကိုက သဘာဝကို တုပလုပ်ထားတဲ့အရာ၊ ဆိုလိုချင်တာက တစ်ယောက်ယောက်က ဒါကို တည်ဆောက်ပြီး လပေါ်မှာ ထားထားတာ” လို့ တိုင်လာက ပြောပါတယ်။ “ဒါတွေကိုကြည့်ရတာက အဆောက်အအုံတွေနဲ့ တူတယ်။ ဒါတွေက လာရောက်တပ်ဆင်သွားပုံရတယ်၊ အပိုလို မူလရှာတွေ့ထားတဲ့ ပုံတခုထဲက ဒီပုံရိပ်တွေကို အင်တာနက်ပေါ်မှာ ခင်ဗျားတို့ကိုယ်တိုင် အမှန်တကယ် ရှာတွေ့မြင်နိုင်တယ်” လို့ တိုင်လာက ပြောတာပါ။ “ကျနော်တို့ မူလပုံတွေကို ကြည့်တဲ့အခါ ဒီအရာတွေရဲ့ အရိပ်တွေနဲ့ ပုံသဏ္ဌာန်တွေကို ခင်ဗျားတို့ ချက်ချင်းနီးပါးအချိန်မှာပဲ ရှာတွေ့မှာပါ။ ဒီပုံတွေက လပေါ်မှာ ကျနော်တို့ အရင်က တွေ့ဖူးတဲ့ အခြားအရာတွေနဲ့ မတူဘူး။” ဒီနှစ်အစောပိုင်းတုန်းကလည်း အန္တာတိကမှာရှိတဲ့ ဂူထဲကနေ “ပန်းကန်ပြားပျံ” တစ်စင်း ထွက်လာတာ မြင်ရကြောင်း တိုင်လာက ပြောခဲ့ပါသေးတယ်။ ရေခဲမတတ်အေးတဲ့ ဒေသပေါ်က “လျှို့ဝှက်နည်းပညာတွေရဲ့ နောက်ဆုံးသက်သေပြချက်” လို့ ဂူဂဲလ်အာ့သ်ရဲ့ ပြောဆိုချက်ကို တိုင်လာက ရည်ညွှန်းပြီး ပြောထားပါတယ်။
4 years Ago
Up