လေ့ကျင့်ရေး ပြန်ဆင်း

June 16, 2018

ဒူးဒဏ်ရာရထားသည့် အင်္ဂလန်တိုက်စစ်မှူး ရက်စ်ဖို့ဒ် လေ့ကျင့်ရေး ပြန်ဆင်း

ဒူးဒဏ်ရာရထားတဲ့ အင်္ဂလန် တိုက်စစ်မှူး မာကပ်စ် ရပ်စ်ဖို့ဒ်ဟာ ဒဏ်ရာကနေ သက်သာလာတဲ့အတွက် လက်ရွေးစင်အသင်းနဲ့အတူ လေ့ကျင့်ရေး ပြန်ဆင်းနေပြီ ဖြစ်ပါတယ်။ အသက် ၂၀ အရွယ် မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး ရပ်စ်ဖို့ဒ်ဟာ လေ့ကျင့်ရေးကွင်းမှာ ဒဏ်ရာရခဲ့တာ ဖြစ်ပြီး ဗုဒ္ဓဟူးနေ့က လေ့ကျင့်ရေး အစီအစဉ်မှာ ပါဝင်နိုင်ခဲ့ခြင်း မရှိပါဘူး။ ဒါပေမယ့် သောကြာနေ့ လေ့ကျင့်ရေး အစီအစဉ်မှာတော့ ပြန်လည် ပါဝင်လာပါတယ်။ တိုက်စစ်မှူး ရပ်စ်ဖို့ဒ်ဟာ ကော်စတာရီကာနဲ့ ခြေစမ်းပွဲစဉ်မှာ အနိုင်ဂိုး သွင်းယူ ပေးထားပါတယ်။ အင်္ဂလန်အသင်းဟာ အုပ်စု (ဂျီ)မှာ ဘယ်ဂျီယံ၊ ပနားမား၊ တူနီရှားတို့နဲ့ တအုပ်စုတည်း ကျရောက် နေပါတယ်။ လာမယ့် တနင်္လာနေ့မှာ အုပ်စုပွဲစဉ်အဖြစ် အင်္ဂလန်ဟာ တူနီရှားနဲ့ ယှဉ်ပြိုင်ရမှာပါ။
3 years Ago
Up