လေ့ကျင့်ခန်း ပြန်ဆင်း

April 29, 2018

ဒဏ်ရာကြောင့် ကာလကြာ အနားယူနေရသည့် ကာဇိုလာ လေ့ကျင့်ခန်း ပြန်ဆင်း

  ဒဏ်ရာကြောင့် ၁၈ လကြာအနားယူနေခဲ့ရတဲ့ အာဆင်နယ်ကွင်းလယ်ကစားသမား ဆန်တီကာဇိုလာဟာ လေ့ကျင့်ခန်းတွေ ပြန်ဆင်းနေပြီလို့ သိရပါတယ်။ ဖနောင့်ကျောဒဏ်ရာရရှိခဲ့လို့ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်အောက်တိုဘာလ ကတည်းက အနားယူနေခဲ့ရပြီး လက်ဖျံသားနဲ့ပါ အစားထိုးခွဲစိတ်ကုသခဲ့ရပါတယ်။ လက်ရှိအချိန်မှာတော့ ကာဇိုလာအနေနဲ့ ဒဏ်ရာကနေ ပြန်လည်သက်သာနေပြီးတော့ လာမယ့် ယူရိုပါလိဂ်ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်မှာတောင် လူစာရင်းမှာ ပြန်လည်ပါဝင်လာနိုင်ဖို့ ရှိနေပါတယ်။ ကာဇိုလာဟာ အိမ်ကွင်း အန်းမရိတ်စ်ကွင်းမှာ ကြံ့ခိုင်ရေးနည်းပြနဲ့အတူ တဦးတည်း လေ့ကျင့်ခန်းဆင်းနေတဲ့ ပုံတွေကို သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ပျော်ရွှင်နေတယ်လို့ စာရေးသားတင်ခဲ့ပါတာပါ။ ကာဇိုလာဟာ အာဆင်နယ်အသင်းအတွက် အားထားရတဲ့ ကွင်းလယ်ကစားသမား ဖြစ်သလို သူသာ ပြန်လည်ပါဝင်လာမယ်ဆိုရင်တော့ လက်ရှိလူစာရင်းထက် အင်အားပိုပြီး တောင့်တင်းလာမှာ ဖြစ်ပါတယ်။ ဒီနေ့ည ပရီးမီးယားလိဂ်ပွဲစဉ်မှာတော့ အာဆင်နယ်အသင်းဟာ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။
3 years Ago

February 3, 2017

ငြိမ်းချမ်းအောင် မြန်မာယူ ၂၂ အသင်းနှင့်အတူ လေ့ကျင့်ခန်း ပြန်ဆင်း

မြန်မာယူ ၁၉ အသင်းရဲ့ တချိန်ကအားထားရတဲ့ကစားသမား ငြိမ်းချမ်းအောင်ဟာ ကာလရှည်ကြာ ဒဏ်ရာကြောင့် အနာမကျတ်ခဲ့ရာက အခုဆိုရင် မြန်မာ ယူ ၂၂ အသင်းနဲ့အတူ လေ့ကျင့်ခန်းတွေ ပြန်ဆင်းနေပြီလို့ သိရပါတယ်။ ငြိမ်းချမ်းအောင်ဟာ မကြာသေးတဲ့အချိန်က နောက်ဆုံးဆေးစစ်ချက်ခံယူခဲ့တာဖြစ်ပြီးတော့ မြန်မာ ယူ ၁၉ အသင်း နယူးဇီလန်မှာကျင်းပတဲ့ ကမ္ဘာ့ဖလား သွားရောက်မကစားမီကတည်းက ဒဏ်ရာရှိခဲ့တာလည်းဖြစ်ပါတယ်။ ငြိမ်းချမ်းအောင်ဟာ ဒူးအရွတ်ဆုတ်ပြဲဒဏ်ရာ ရရှိခဲ့တာဖြစ်ပေမယ့် ဘောလုံးကို အမြန်ပြန်ကစားနိုင်ဖို့ အမြဲတမ်း အပြင်းအထန်ကြိုးစားနေတယ်လို့ ပြောခဲ့သူလည်းဖြစ်ပါတယ်။ ငြိမ်းချမ်းအောင်ဟာ မြန်မာအသင်းအတွက် အရေးပါတဲ့ ကစားသမားဖြစ်ပြီးတော့ မကြာခင် သွားရောက်ယှဉ်ပြိုင်မယ့် ပြိုင်ပွဲတွေမှာ အဓိက ကစားသမားအဖြစ် ပြန်လည်ပွဲထွက်လာဖွယ် ရှိနေပါတယ်။
5 years Ago
Up