လေ့ကျင့်ခန်းပြန်ဆင်း

November 1, 2018

ချဲလ်ဆီး ကွင်းလယ်လူ ဟာဇက် ဒဏ်ရာသက်သာ၍ လေ့ကျင့်ခန်းပြန်ဆင်း

ချဲလ်ဆီးကွင်းလယ်ကစားသမား ဟာဇက်ဟာ ဒဏ်ရာသက်သာလာပြီဖြစ်လို့ လေ့ကျင့်ခန်း ပြန်ဆင်းနေပါတယ်။ ဟာဇက်ဟာ မန်ယူအသင်းနဲ့ ၂ ဂိုးစီသရေ ကျတဲ့ပွဲစဉ်မှာ နောက်ကျောဒဏ်ရာ ရခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့အပတ်က ကစားခဲ့တဲ့ ဘန်လေနဲ့ပွဲကို လွဲချော်ခဲ့ပါတယ်။ ချဲလ်ဆီးအသင်းဟာ ဗုဒ္ဓဟူးနေ့မှာ ချဲလ်ဆီးကစားသမားဟောင်း ဖရန့်လမ်းပတ်က ကိုင်တွယ်နေတဲ့ ချန်ပီယံရှစ်ကလပ် ဒါဘီအသင်းနဲ့ လိဂ်ဖလား ရှုံးထွက်ပွဲ ကစားရဖို့ ရှိနေတာပါ။ လမ်းပတ်အနေနဲ့ အသင်းဟောင်းဆီကို ပြိုင်ဘက်နည်းပြအဖြစ် ပြန်လာတာဖြစ်ပေမယ့်  မိမိတို့အသင်းဘက်က ဝမ်းမြောက်စွာနဲ့ ကြိုဆိုတယ်လို့ လက်ထောက်နည်းပြ ဇိုလာက ပြောကြားခဲ့ပါတယ်။ လမ်းပတ်အနေနဲ့ အသက်ငယ်ရွယ်သေးပေမယ့် နည်းပြတဦးအနေနဲ့ အောင်မြင်နေတာကို မအံ့သြမိဘူးလို့လည်း ဇိုလာက ချီးကျူးပြောကြားခဲ့ပါတယ်။
2 years Ago

January 14, 2018

ဗြိတိန်တင်းနစ်အကျော်အမော် အန်ဒီမာရေး ဒဏ်ရာသက်သာ၍ လေ့ကျင့်ခန်းပြန်ဆင်း

ဗြိတိန်တင်းနစ်အကျော်အမော် အန်ဒီမာရေးဟာ တင်ပါးဒဏ်ရာကို ခွဲစိတ်ကုသပြီးတဲ့နောက်မှာ ကြံ့ခိုင်ရေးလေ့ကျင့်ခန်းတွေ ပြန်လည်ပြုလုပ်နေပါတယ်။ ဝင်ဘယ်တန်ချန်ပီယံဆုကို နှစ်ကြိမ်တိုင်တိုင်ရရှိထားခဲ့တဲ့ အန်ဒီမာရေးဟာ ကြံ့ခိုင်ရေး လေ့ကျင့်ခန်းတွေ ပြန်လည်ဆင်းနေတဲ့ ဗွီဒီယိုတွေကို အွန်လိုင်းမှာ တင်ခဲ့တာဖြစ်ပြီးတော့ သူ့အနေနဲ့ တင်းနစ်ကစားသမားဘဝကို အဆုံးမသတ်သေးကြောင်း၊ အမြင့်ဆုံး အောင်မြင်မှုတွေကို တကျော့ပြန်ပြန်လည်ရယူဖို့ ကြိုးပမ်းနေပြီး ပျော်ရွှင်နေတယ်လို့ သိရပါတယ်။ အန်ဒီမာရေးဟာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် ဇူလိုင်လအကုန်ကတည်းက ဒဏ်ရာကြောင့် အနားယူနေခဲ့ရတာဖြစ်ပြီး ကမ္ဘာ့အဆင့် ၁၆ နေရာထိ ကျဆင်းခဲ့ပါတယ်။ အန်ဒီမာရေးဟာ ဂရင်းဆလင်းချန်ပီယံဆု ၃ ကြိမ်ရရှိထားပြီး ဒုတိယ ၈ ကြိမ်ထိရရှိထားသူလည်း ဖြစ်ပါတယ်။
3 years Ago
More News
Up