လေကြောင်းလိုင်း

June 22, 2018

FMI လေကြောင်းလိုင်းက လေယာဉ်တစင်း လေဖိအားကြောင့် လေကာမှန်အက်ကွဲခဲ့

FMI လေကြောင်းလိုင်းက လေယာဉ်တစင်း မောင်းနှင်နေတုန်း လေဖိအားကြောင့် လေယာဉ် ယာဘက် လေကာမှန် အက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။ ဇွန် ၂၁ ရက် မနက်ပိုင်းမှာ FMI လေကြောင်းလိုင်းက ကပ္ပတိန် ဦးနိုင်မြင့်ခိုင် မောင်းနှင်လာတဲ့ လေယာဉ် အမျိုးအစား ATR-72၊ လေယာဉ် အမှတ် XY-AMH ဟာ ခရီးသည် ၂၂ ဦးကို တင်ဆောင်ပြီး နေပြည်တော်ကနေ ရန်ကုန်ကို ပျံသန်းလာတုန်း ဖြစ်ပွားခဲ့တာပါ။ နေပြည်တော် လေဆိပ်ကနေ  ရန်ကုန်လေဆိပ်ကို ထွက်ခွာလာစဉ် မိနစ် ၂၀ လောက်အကြာ အမြင့်ပေ ၁၆၀၀၀ လောက်အရောက်မှာ လေဖိအားကြောင့် လေယာဉ်ရဲ့ ယာဘက်လေကာမှန် အက်ကွဲခဲ့ပေမယ့်  ရန်ကုန်လေဆိပ်ကို ကောင်းမွန်စွာ ဆိုက်ရောက်ခဲ့တယ်လို့ ပြည်ထဲရေးသတင်းမှာ ဖော်ပြထားပါတယ်။
3 years Ago

February 20, 2018

မြိတ်-ဘန်ကောက် လေကြောင်းလိုင်း တိုက်ရိုက်ပြေးဆွဲမည်

မြိတ်- ဘန်ကောက် တိုက်ရိုက်လေကြောင်းလိုင်းတခုကို ဖေဖော်ဝါရီ ၂၃ ရက်နေ့မှာ စတင်ပျံသန်း ပြေးဆွဲသွားမယ်လို့ သိရပါတယ်။ မြိတ်မြို့မှ ထိုင်းနိုင်ငံသို့ တိုက်ရိုက်ပျံသန်းပြေးဆွဲမယ့် လေကြောင်းလိုင်းခရီးစဉ်ကို  မြန်မာနိုင်ငံရှိ Tun Htaik Tin ကုမ္ပဏီနဲ့ New Gen Airline တို့မှ ပူးပေါင်းပြေးဆွဲမှာ ဖြစ်ပြီး ဖေဖော်ဝါရီ ၂၃ ရက်နေ့မှာ အစမ်းပျံသန်းသွားမှာပါ။ လေကြောင်းလိုင်းရဲ့ တာဝန်ခံ မန်နေဂျာ ဦးသာဓု “အဓိကကတော့ မြိတ်ဒေသမှာက ပြည်တွင်း ပြည်ပ ခရီးသွားတွေ များလာသလို အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံကို သွားတဲ့သူတွေ များလာတာကြောင့် ဒီလေကြောင်းလိုင်းခရီးစဉ်ကို ပြေးဆွဲဖို့ စီစဉ်ရခြင်း ဖြစ်တယ်’’ လို့ ပြောပါတယ်။ ထိုင်းနိုင်ငံအခြေစိုက် New Gen Airline ဟာ B 737- 400 အမျိုးအစားဖြစ်ပြီး မြိတ်မှ ထိုင်းနိုင်ငံသို့ အသွားအပြန် ခရီးသည် တဦးကို ဒေါ်လာ ၁၈၀ ကျပ် သတ်မှတ်ထားပါတယ်။ ခရီးသည် ၁၅၀ ဦးကို တင်ဆောင်နိုင်ပြီး တပတ်ကို ၃ ရက် တနင်္ဂနွေ၊ ဗုဒ္ဓဟူးနဲ့ သောကြာနေ့တို့မှာ ပြေးဆွဲသွားမယ်လို့ သိရပါတယ်။ မြိတ်မြို့မှာ အရင်က မြိတ်မှ ထိုင်းနိုင်ငံသို့ တိုက်ရိုက်လေကြောင်းလိုင်းတွေ ပြေးဆွဲဖူးတာ ရှိခဲ့ပေမယ့်  မြိတ်လေဆိပ်မှာ နိုင်ငံတကာအဆင့်မီ စစ်ဆေးရေးဂိတ်တွေ မရှိတဲ့အတွက် တလအကြာမှာ ရပ်နားခဲ့ရပါတယ်။ သတင်း၊ ဓာတ်ပုံ - ဇော်ဇော်(မြိတ်)
4 years Ago
More News
Up