အာဖဂန်နစ္စတန်၊ ဘာလီဘန်ခေါင်းဆောင် မိုလာမန်ဆိုးဟာ မေ ၂၁ ရက်နေ့က အမေရိကန် လေကြောင်းပစ်ခတ်မှုမှာ သေဆုံးသွားနိုင်ခြေရှိတယ်လို့ အမေရိကန်အရာရှိတွေက ပြောဆို ပါတယ်။
နိုင်ငံတောင်ပိုင်း၊ ပါကစ္စတန်နယ်စပ်အနီး မိုလာမန်ဆိုးနဲ့ အာဖဂန်တိုက်ခိုက်ရေး သမားတဦးတို့ စီးနေတဲ့ကားကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပြီး သမ္မတအိုဘားမားက ပစ်မိန့် ပေးခဲ့တယ်လို့လည်း အမေရိကန်အရာရှိတွေက ပြောဆိုပါတယ်။
အမေရိကန်ကာကွယ်ရေး ၀န်ကြီးဌာနက ဒီပစ်ခတ်မှုကို အတည်ပြုပြောဆိုခဲ့ပြီး ထိခိုက်မှုအခြေအနေကို ဆက်လက် စုံစမ်းနေတယ်လို့ ပြောဆိုပါတယ်။
မိုလာမန်ဆိုးဟာ တာလီဘန်အကြမ်းဖက်အဖွဲ့ကို ထူထောင်ခဲ့သူ ထိပ်တန်းခေါင်းဆောင် မူလာမိုဟာမက်အိုမာနေရာကို ပြီးခဲ့တဲ့နှစ် ဇူလိုင်လက ရယူခဲ့တာပါ။
ပါကစ္စတန်နဲ့ အာဖဂန်အာဏာပိုင်တွေကိုလည်း အသိပေးခဲ့တယ်လို့ အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးဌာနက ပြောဆိုပေမယ့် ပစ်ပြီးမှ ပေးတာလား၊ ကြိုတင်ပေးတာလားဆိုတာတော့ မပြောဆိုပါဘူး။ တာလီဘန်ခေါင်းဆောင်တွေ ကြားမှာတော့ ကောလာဟလသတင်းတွေ ဖြစ်ပေါ်နေပါတယ်။
5 years Ago