လေကြောင်းတိုက်ခိုက်ခံရမှု

April 29, 2016

လေကြောင်းတိုက်ခိုက်ခံရမှုမှ မှော်ဆန်ဆန် လွတ်မြောက်ခဲ့သည့် မိန်းကလေး (ရုပ်သံ)

ဆီးရီးယားနိုင်ငံ အလက်ပိုခရိုင်ထဲက သူပုန်တွေ တပ်စွဲထားတဲ့ အယ်လ် ကာလာစာ ရပ်ကွက်မှာ လေကြောင်း တိုက်ခိုက်မှုကြောင့် ထိမှန်ခံရတဲ့ အဆောက်အဦ အပျက်အစီးတွေထဲ ကနေ မိန်းကလေးငယ်တဦးကို ကယ်ထုတ်နိုင်ခဲ့ပုံ ရိုက်ကူးထားတဲ့ ရုပ်သံတခု ပြီးခဲ့တဲ့ ဧပြီ ၂၈ ရက်နေ့က လူမှုကွန်ရက် မီဒီယာပေါ် ရောက်လာပါတယ်။ မိန်းကလေးငယ်ဟာ တိုက်ခိုက်မှုတွေကနေ မှော်ဆန်ဆန် လွတ်မြောက်ခဲ့အပြီး ပျက်စီး အဆောက်အဦရဲ့ အပျက်အစီးတွေအောက် အခေါင်းထဲကနေ ဆွဲထုတ် ကယ်တင်ခဲ့ရတာပါ။ သူ့မှာ မြင်နိုင်တဲ့ အသည်းအသန် ဒဏ်ရာမရှိပေမယ့် အကြီးအကျယ် ပွန်းပဲ့ စုတ်ရှ နေပြီး ထိတ်လန့်တုန်လှုပ်နေတာပါ။ ဆီးရီးယားရဲ့ ၅ နှစ်တာ ပြည်တွင်းစစ် အဆုံးသတ်ရေး ဂျီနီဗာမြို့မှာ ကျင်းပတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ပျက်စီးအပြီး အလက်ပိုမြို့ဟာ စစ်ရေးတင်းမာမှုတွေရဲ့ ဗဟိုချက် ဖြစ်လာပါတယ်။ ကုလသမဂ္ဂ ကိုယ်စားလှယ် စတက်ဖင် မစ်စတူရာက အမေရိကန်နဲ့ ရုရှားသမ္မတတို့က ဆီးရီးယား ပြည်တွင်းစစ်ကို ဝင်စွက်ဖက်ကြဖို့ တောင်းဆိုခဲ့ပါတယ်။ အလက်ပိုမြို့တွင်း လေကြောင်းတိုက်ခိုက်မှုနဲ့ သူပုန်တွေရဲ့ ပစ်ခတ်မှု ၆ ရက်အတွင်း မြို့ထဲက အတိုက်အခံတွေ ဘက်ခြမ်း ၃ ပုံ ၂ ပုံဖြစ်တဲ့ လူအယောက် ၂၀၀ လောက် သေဆုံးခဲ့တယ်လို့ ဆီးရီးယား လူအခွင့်အရေးစောင့်ကြည့်သူတွေက ပြောပါတယ်။
6 years Ago
Up