လေကြောင်းတိုက်ခိုက်မှုအတွင်း အိုင်အက်စ်ခေါင်းဆောင်

November 5, 2017

လေကြောင်းတိုက်ခိုက်မှုအတွင်း အိုင်အက်စ် စစ်သွေးကြွ ၅ ဦး သေဆုံး(ရုပ်သံ)

အီဂျစ်လေကြောင်းတိုက်ခိုက်မှုအတွင်း အိုင်အက်စ်တွေရဲ့ သဲကန္တာရထဲက ပုန်းအောင်းရာနေရာတွေကို ဖျက်ဆီးနိုင်ခဲ့လို့ အိုင်အက်စ်စစ်သွေးကြွ ၅ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ရုပ်ရှင်ဆန်ဆန် လေကြောင်းက ရိုက်ကူးထားတာကို ရုပ်သံထဲ တွေ့မြင်ရပြီး အီဂျစ်စစ်သားတွေရဲ့ လက်နက်ကိုင် စစ်ဆေးရေးဂိတ်ကို အိုင်အက်စ်တွေ တိုက်ခိုက်အပြီးမှာ အီဂျစ်စစ်တပ်ဘက်က ပြန်လည်တိုက်ခိုက်ခဲ့လို့ အကြမ်းဖက်တွေ ပုန်းအောင်ရာနေရာကနေ ထွက်လာတယ်လို့ ဆိုပါတယ်။ အီဂျစ်စစ်တပ်က တိုက်ဂျက်လေယာဉ်တွေ စေလွှတ်ခဲ့ပြီး လေယာဉ်မှူးတွေက နောက်ဆုံးမှာ အုပ်စုပြန်ဖွဲ့နေတဲ့ အိုင်အက်စ်ဂျီဟက်ဒစ်တွေရဲ့ နေရာကို ရှာတွေ့ခဲ့တာပါ။ ကောင်းကင်ထဲ မီးတောက်အကြီးကြီးနဲ့ မီးခိုးတိမ်တိုက်တွေ ဖြစ်သွားပြီး ဒုံးကျည် ပစ်လွှတ်မှုက စစ်သွေးကြွတွေကို ဖယ်ရှားလိုက်နိုင်တာ ရုပ်သံထဲမှာ မြင်ရပါတယ်။ အီဂျစ်နိုင်ငံရဲ့ လေတပ်တိုက်ခိုက်မှုက စစ်သွေးကြွ ၅ ဦးကို သေဆုံးစေပြီး နောက်ထပ် ၆ ဦး ဒဏ်ရာ ရတယ်လို့ အီဂျစ်စစ်တပ်က အတည်ပြု ပြောကြားခဲ့သလို အိုင်အက်စ်အဖွဲ့ဝင်တွေက နိုဝင်ဘာလ ၂ ရက်မှာ ဆိုင်းနိုင်းကျွန်းမြောက်ဘက်က စစ်တပ်ရဲ့စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်ခဲ့တယ်လို့ အီဂျစ်စစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူကလည်း ပြောကြောင်း အီဂျစ်အင်ဒီပန်းဒန့်သတင်းက ထုတ်ပြန်ထားပါတယ်။ အီဂျစ်စစ်သားတွေ ပစ်ခတ်အပြီးမှာတော့ အိုင်အက်စ်စစ်သွေးကြွတွေ ထွက်ပြေးသွားပြီး လေကြောင်းတိုက်ခိုက်မှုကနေ အိုင်အက်စစ်တွေရဲ့ ပုံးအောင်းရာနေရာအဖြစ် အသုံးပြုတဲ့ အဆောက်အအုံ ၂ လုံးကိုလည်း ဖျက်ဆီးနိုင်ခဲ့တာပါ။ ဆိုင်းနိုင်းကျွန်းထဲနဲ့ ဝန်းကျင်မှာ နှစ်ချီ တိုက်ခိုက်မှုတွေ လုပ်နေတဲ့ အိုင်အက်စ်စစ်သွေးကြွတွေကို အီဂျစ်စစ်တိုက်က ပြန်လည် ချေမှုန်းခဲ့တာဖြစ်ပြီး အိုင်အက်စ် တိုက်ခိုက်မှုတွေထဲမှာ ၂၀၁၅ ခုနှစ် အောက်တိုဘာလ ရုရှခရီးသည်တင်လေယာဉ်ကို အိုင်အက်စ်တွေ ဗုံးခွဲ တိုက်ခိုက်လို့ လေယာဉ်ပေါ်ပါ ခရီးသည် ၂၂၄ ဦးလုံး သေဆုံးခဲ့တာလည်း ပါဝင်ပါတယ်။ ဇူလိုင်လတုန်းကလည်း အီဂျစ်စစ်တပ်ရဲ့ စစ်ဆေးရေးဂိတ်ကို အိုင်အက်စ်တွေ ဝင်တိုက်လို့ စစ်သား ၂၀ ကျော် သေဆုံးခဲ့ရတယ်လို့ မေရာသတင်းမှာ နိုဝင်ဘာလ ၄ ရက်နေ့က ဖော်ပြထားပါတယ်။
4 years Ago

June 11, 2017

လေကြောင်းတိုက်ခိုက်မှုအတွင်း အိုင်အက်စ်ခေါင်းဆောင် သေဆုံးဟု သတင်းများထွက်ပေါ်

ဆီးရီးယားမှ ထုတ်ပြန်တဲ့သတင်းတွေက ဇွန်လ ၁၀ ရက်နေ့ ဆီရီးယားလေကြောင်း တိုက်ခိုက်မှုအတွင်း အိုင်အက်စ်ခေါင်း အဘူဘက်ခါအယ်လ်ဘဂ္ဂဒါဒီ သေဆုံးသွားတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ အစ္စလာမ်မစ်စတိတ် (အိုင်အက်စ်) ခေါင်းဆောင်ဟာ ဆီးရီးယားလေကြောင်း တိုက်ခိုက်မှုအတွင်း သေဆုံးသွားတာလို့ ဆီးရီးယားနိုင်ငံပိုင် သတင်းဌာနရဲ့ အတည်မပြုနိုင်သေးတဲ့ သတင်းထုတ်ပြန်ချက်အရ သိရတယ်လို့ မေရာသတင်းမှာ ဇွန်လ ၁၁ ရက်နေ့က ရေးထားတာပါ။ အိုင်အက်စ်တွေ အခိုင်အမာ တပ်စွဲထားတဲ့ ဆီးရီးယားနိုင်ငံ ရက်ကာမြို့ကို တနေ့လုံး လက်နက်ကြီးတွေ ချခဲ့ပြီး ပျက်စီးဆုံးရှုံးမှုတွေကို ပြတဲ့ ဒီရုပ်သံကို အိုင်အက်စ်သတင်းအေဂျင်စီ အမက်က်ကလည်း လူမှုကွန်ရက်ပေါ် တင်ခဲ့တယ်လို့ သိရပါတယ်။ ဥရောပနိုင်ငံတဝန်းမှာ အသေခံဗုံးခွဲမှုတွေ ဖြစ်အောင် အားပေးအားမြှောက်ပြုခဲ့တဲ့ အိုင်အက်စ်ခေါင်းဆောင် အယ်လ်ဘဂ္ဂဒါဒီရဲ့ အမုန်းစကားတွေကြောင့် သူ့ကို ဖမ်းဆီးနိုင်ရန် ပေါင် သန်း ၂၀ နဲ့ ဆုငွေ ထုတ်ခဲ့တာဖြစ်ပြီး အခုလိုပဲ အရင်ကလည်း အယ်လ်ဘဂ္ဂဒါဒီ သေဆုံးတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီး အဲဒီနောက် သတင်းတွေက မမှန်သတင်းတွေ ဖြစ်သွားတာလို့ ဆိုပါတယ်။ ၂၀၁၄ ခုနှစ်က အယ်ဘဂ္ဂဒါဒီရဲ့ ယခင်တပ်စွဲထားတဲ့ မိုဆူးလ်မြို့ကို အီရက်တပ်တွေ ဝိုင်းထားလို့ မြို့ရဲ့အဓိက ဗလီကြီးကို တစစီဖြစ်အောင် ဖျက်ဆီးခဲ့ကြောင်း ကြေညာခဲ့ပါတယ်။ သူ့မတိုင်ခင်က ဆာဒမ်ဟူစိန်လိုပဲ ကြမ်းပြင်ကြွေပြားတချပ်မှာ ပုံဖျက်ထားတဲ့ ဝင်ပေါက်နဲ့ ဆက်ထားတဲ့ ရှောင်တိမ်းရာ မြေအောက်ခန်းမှာ အယ်လ်ဘဂ္ဂဒါဒီက ပုန်းအောင်းခဲ့တာပါ။ ဘဂ္ဂဒက်မြောက်ပိုင်းမှာ စစ်သားတွေ မရောက်လာခင် လက်နက်တွေ စာရွက်စာတမ်းတွေနဲ့ အိုင်အက်စ်အမည်းရောင် အလံတွေကို ထားပြီး သူက ပုန်းအောင်းတဲ့ နေရာကနေ လွတ်မြောက်သွားခဲ့တာလို့ ဆိုပါတယ်။ ဒီလို မဖမ်းဆီးနိုင်ခဲ့ရာကနေ အီရတ်နိုင်ငံ ဆာမာရာမြို့မှာ မွေးဖွားခဲ့တဲ့ အစွန်းရောက် စစ်သွေးကြွက ကမ္ဘာ့အလိုရှိဆုံးလူ ဖြစ်လာခဲ့တာပါ။
4 years Ago
Up