လေကြောင်းစွမ်းရည်ပြပွဲအတွင်း လေယာဉ်ပျက်ကျ (ရုပ်သံ)

A d v e r t i s e m e n t With Us

May 15, 2016

လေကြောင်းစွမ်းရည်ပြပွဲအတွင်း လေယာဉ်ပျက်ကျ (ရုပ်သံ)

အမေရိကန်နိုင်ငံ၊ အန္တလန္တာမြို့တော်လေဆိပ် လေကြောင်းစွမ်းရည်ပြပွဲတခုတွင်းမှာ မေလ ၁၄ ရက်နေ့ နေ့လယ်ပိုင်းက စတန့်ပြကွက်ပြသနေချိန်မှာ လေယာဉ်တစီး ပျက်ကျပြီး လေယာဉ်မောင်းသူ တဦးသေဆုံးခဲ့တယ်လို့ စီအန်အန်သတင်းတပုဒ်မှာ ဖော်ပြပါတယ်။ အဆိုပါလေယာဉ်မှူးစီးနင်းလာတဲ့ နှစ်ထပ်လေယာဉ်ဟာ တခြားလေယာဉ်တစီးနဲ့ အတူ ဒီကက်လ်ဘ်ပ်ခ်ျထရီးလေဆိပ်တွင်း ရှေ့နောက်အစဉ်လိုက် စတန့်ထွင်ပြသနေစဉ်မှာ မတော်တဆထိခိုက်မိခဲ့တာလို့ ဆိုပါတယ်။ ဒီကက်လ်ဘ်နယ်မြေ ပြည်သူ့ရေးရာပြန်ကြားရေးဌာနမှ အရာရှိတဦးဖြစ်သူ ရှီရာ ယာကမ့်ဘဲလ်က လေယာဉ်မှူးရဲ့ အမည်ကို ထုတ်မပြောနိုင်သေးဘူးလို့ ပြောပါတယ်။ ယူကျူ့အင်တာနက်စာမျက်နှာပေါ်မှာ မျှဝေခဲ့တဲ့ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ လေယာဉ် ၂ စီးဟာ မြေပြင်မှအပေါ်ခပ်နိမ့်နိမ့်မှာ တစီးနဲ့တစီးဖြတ်ကာ ကူးကာ ပျံသန်း ပြနေခဲ့ကြပြီး မကြာခင်မှာ အဆိုပါ ၂ ထပ်လေယာဉ်ဟာ စတန့်ပြ ပတ်လမ်းကြောင်းအတိုင်း ထိုးတက်ခဲ့ကာ မြေပြင်ဆီ စိုက်ကျသွားခဲ့တာကို တွေ့ရပါတယ်။ “လေယာဉ်ဟာ ချက်ချင်းပဲ ကွဲထွက်သွားပြီး မီးလုံးတွေ အချိန်အနည်းငယ်အတွင်းမှာ တလိမ့်လိမ့်တက်လာခဲ့တာပါ”လို့ မျက်မြင်တွေ့ရှိတဲ့ စီအန်အန်သတင်း ထောက် မယ်လီဆာဂရေးက ပြောပါတယ်။ “ဒါဟာ ပရိသတ်တွေရှေ့တင် ဖြစ်သွားခဲ့တာမို့ အားလုံးဟာ သူတို့ ဘာကိုမြင်ခဲ့ ရတယ်ဆိုတာ မယုံကြည်နိုင်ပဲ ငေးကြောင်ပြီး ကြည့်နေမိခဲ့ကြတာပါ။” မီးသတ်သမားတွေဟာ အလျင်အမြန်ပဲလာရောက် မီးငြိမ်းသတ်ခဲ့ကြပြီး ကြည့်ရှု သူပရိသတ်တွေ တယောက်မှ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းမရှိဘူးလို့ သတင်းမှာ ဖော်ပြပါတယ်။ ဒါဟာ နှစ်စဉ်လေကြောင်းစွမ်းရည်ပြပွဲကာလတွင်းမှာ ဆယ်စုနှစ် ၃ ခုအတွင်း ပ ထမဆုံးအကြိမ်ဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ အဆိုးဝါးဆုံး လေကြောင်းစွမ်းရည်ပြပွဲတွင်း မတော်တဆမှုတွေထဲက တခုက တော့ ပြီးခဲ့တဲ့ သြဂုတ်လက အင်္ဂလန်နိုင်ငံတောင်ပိုင်း ရှိုးဟန်းလေဆိပ်မှာ ဖြစ်ခဲ့တာပါ။ အဲဒီလေကြောင်းစွမ်းရည်ပြပွဲမှာ စွမ်းရည်ပြသနေချိန်အတွင်း လေယာဉ်ပြေးလမ်း ကြောင်းပေါ်မှာ ဂျက်လေယာဉ်တစင်းပျက်ကျပြီး လူ ၁၁ ဦးသေဆုံးပြီး ၁၄ ဦး ထိခိုက် ဒဏ်ရာတွေ ရရှိခဲ့ကြတာပါ။
5 years Ago
Up