ဝင်ရိုးစွန်း လေအေးစီးကြောင်းတခု အမေရိကန်နိုင်ငံ အနောက်အလယ်ပိုင်းကို ဝင်ရောက် တိုက်ခတ်ခဲ့လို့ အန္တရာယ်ရှိလောက်အောင် အပူချိန် ကျဆင်းနေပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၆ ရက်ကစပြီး မီချီဂန်၊ အိုင်အိုဝါ၊ အင်ဒီယားနား၊ အီလွီနွိုက်စ်၊ ဝစ္စကွန်ဆင်နဲ့ မင်နီဆိုးတား ပြည်နယ်တလွှား လူ ၁၂ ဦးထက်မနည်း သေဆုံးခဲ့သလို ဇန်နဝါရီ ၃၀ ရက်နေ့ကလည်း နောက်ထပ် လူ ၃ ဦး သေဆုံးခဲ့ပါတယ်။
ရာသီဥတုကြောင့် စာတိုက်လုပ်ငန်းတွေ ရပ်ထားရသလို ဒေသခံတွေလည်း အိမ်ထဲမှာပဲ နေကြရတာပါ။
ချီကာဂိုမြို့ အပါအဝင် အမေရိကန် အနောက်အလယ်ပိုင်းတလွှား ဇန်နဝါရီ ၃၀ နဲ့ ၃၁ ရက်နေ့တွေက စာသင်ခန်းတွေ ပိတ်ထားရပါတယ်။
ရေခဲနေတဲ့ အဝေးပြေးလမ်းပေါ်မှာ မတော်တဆဖြစ်မယ့် အန္တရာယ်ကို ရဲတွေက သတိပေးနေရပါတယ်။
ဇန်နဝါရီ ၃၁ ရက်နေ့မှာ အပူချိန်ဟာ ရေခဲမှတ်အောက် ၄၆ ဒီဂရီ ဆဲလ်စီးယပ်စ်ထိ ကျဆင်းမယ်လို့ အမျိုးသား မိုးလေဝသဌာနက အစီရင်ခံထားပါတယ်။
မြောက်ဒါကိုတာပြည်နယ်မှာတော့ အပူချိန်ဟာ ရေခဲမှတ်အောက် ၂၈ ဒီဂရီ ဆဲလ်စီးယပ်စ်မှာ ရှိနေပါတယ်။
2 years Ago