လေဘေးသင့်

May 23, 2019

နိုင်ငံတ၀န်း လေပြင်းတိုက်ခတ်၍ လူ ၇ ဦး သေဆုံး၊ အိမ်ထောင်စု ၁၃၀၀၀ ကျော် လေဘေးသင့်

မြန်မာနိုင်ငံတ၀န်း ပြည်နယ်နှင့်တိုင်းဒေသကြီး  ၁၃ ခုမှာ လေပြင်းတိုက်ခတ်မှုကြောင့် လူ ၇ဦး သေဆုံးပြီး အိမ်ထောင်စုပေါင်း ၁၃,၀၀၀ ကျော် လေးဘေးဒဏ် ခံစားခဲ့ရတယ်လို့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက ညွှန်ကြားရေးမှူး ဒေါ်ဖြူလဲ့လဲ့ထွန်းက ပြောပါတယ်။ ဒီကိန်းဂဏန်းတွေဟာ ပြီးခဲ့တဲ့ ဧပြီလကနေ မေ ၁၇ ရက်အထိ ရရှိထားတဲ့ စာရင်းတွေဖြစ်တယ်လို့လည်း ဒီဗွီဘီကို ပြောပါတယ်။ ညွှန်ကြားရေးမှူး ဒေါ်ဖြူလဲ့လဲ့ထွန်းက “အိမ်တွေ ပြိုတာကျတော့ ၇၀၀ ကျော်ရှိတယ်။ တစိတ်တပိုင်း ပျက်တာကျတော့ ၁၃၀၀၀ ကျော်ရှိတယ်။ အိမ်ထောင်စုအနေနဲ့ ၁၃၈၀၀ ကျော်ရှိတယ်။ သေတာက သစ်ပင်ပိပြီး သေတာများတယ်။” လို့ ပြောပါတယ်။ ၂၀၁၈ ခုနှစ် အောက်တိုဘာလကနေ အခုနှစ်မေလ ၁၀ရက်အတွင်း မိုးကြိုးပစ်လို့ လူ ၃၆ ဦး သေဆုံးပြီး ၁၆ ဦး ဒဏ်ရာရရှိခဲ့တယ်လို့လည်း ပြောပါတယ်။ လေဘေးသင့်သူတွေအတွက် လူမှုဝန်ထမ်းဦးစီးဌာနက အိမ်ဆောက်ပစ္စည်းတွေ ကူညီထောက်ပံ့ပေးနေတယ်လို့လည်းဆိုပါတယ်။ ပဲခူးတိုင်းနဲ့ စစ်ကိုင်းတိုင်းတို့မှာ လေပြင်းဒဏ် အပြင်းအထန်ခံစားခဲ့ရပြီး မိုးကြိုးပစ်လို့ သေဆုံးမှုကတော့ ဧရာဝတီတိုင်းထဲမှာ အဖြစ်အများဆုံးဖြစ်ပါတယ်။ နေပြည်တော်၊ မကွေး၊ ရှမ်း၊ ချင်း၊ တနင်္သာရီ၊ စစ်ကိုင်း၊ ပဲခူး၊ ဧရာဝတီ၊ ကရင်၊ မန္တလေး၊ ကယား၊ ကချင်၊ ရန်ကုန်စတဲ့ ပြည်နယ်တိုင်းအသီးသီးမှာ ဧပြီနဲ့ မေလအတွင်း  ရုတ်တရက် လေပြင်းတိုက်ခတ်မှု ဒဏ်ခံခဲ့ကြရတာ ဖြစ်ပါတယ်။ မုတ်သုန်လေ၀င်ရောက်ခါစ အခုလို မိုးဦးကာလမှာ ရုတ်တရက်လေပြင်းတိုက်ခတ်တာ မိုးတိမ်တောင်တွေဖြစ်ပေါ်ပြီး မိုးကြိုးပစ်တာ၊  မိုးကြီးပြီး လေတိုက်ခတ်တာစတဲ့ ရာသီဥတုဖြစ်စဉ်တွေ ဖြစ်ပေါ်တတ်လို့ သတိပြုနေထိုင်ကြဖို့ မိုးလေ၀သဌာနက သတိပေး နှိုးဆော်ထားပါတယ်။
4 years Ago

July 21, 2018

ချောက်​မြို့ ​လေ​ဘေးသင့် ပြည်​သူများကို ကူညီထောက်ပံ့

မ​ကွေးတိုင်း​​ဒေသကြီး​ ချောက်​မြို့နယ် ​ရွာမ​ကျေးရွာမှ ​လေ​ဘေးသင့်ပြည်​သူတွေကို လူမှုဝန်​ထမ်း ကယ်​ဆယ်​​ရေးနှင့်​ ပြန်​လည်​​နေရာချထား​ရေး ဦးစီးဌာနက ကယ်​ဆယ်​​ရေးပစ္စည်းနဲ့ ​ထောက်​ပံ့​ငွေ ကျပ်​သိန်း ၂၇ ​ကျော်​​ကို ဒီနေ့မွန်းလွဲပိုင်းက သွား​ရောက်​​ပေးအပ်​ခဲ့​တယ်လို့ ယင်းမြို့နယ်​​ထွေအုပ်​ရုံးက သိရပါတယ်။ အိမ်​ပြိုသစ်​ပင်​ပိ ၆ လုံးအတွက်​ ​ထောက်​ပံ​ငွေ တအိမ်​ကို ၁ သိန်း၊ အိမ်​တခြမ်းပျို တလုံးအား ၅ ​သောင်းကျပ်​နဲ့ အိမ်​အမိုးများလန်​သွား​သော ၅၁ လုံးကို တအိမ်​ ၃ ​သောင်းကျပ်​စီ ​အိမ်​ပြုပြင်​စရိတ်​ ​ထောက်​ပံ့​ပေးပြီး အိမ်​ပြို ၃ လုံးအတွက်​ကယ်​ဆယ်​​ရေးပစ္စည်း ၁၆ မျိုး၊ အမိုးလန်​၊ သစ်​ပင်​ပိ၊ တခြမ်းပြို ၅၅ အိမ်​အတွက်​ ကယ်​ဆယ်​​ရေးပစ္စည်း ၁ဝ မျိုး၊ အိမ်​​ထောင်​စု ၅၈ စု၊ လူဦး​ရေ ၂၇၁ ဦးအတွက်​ ဆန်​ဖိုး ​ထောက်​ပံ့ ​ငွေ လူတဦးကို တပတ်​စာဆန်​ရိက္ခာ ၂၁ဝဝ ကျပ်နဲ့ အားလုံး ၅၆၉၁ဝဝ ကျပ်​နဲ့ စုစု​ပေါင်း ​ထောက်​ပံ့​ငွေ ၂၇၄၉၁ဝဝ ကို ​ပေးအပ်​​ထောက်​ပံ့​ပေး​ခဲ့တယ်လို့ သိရပါတယ်။ ဇူလိုင်​ ၁၈ ရက်​ ညပိုင်းက ​လေပြင်း တိုက်​ခတ်​ခဲ့​လို့ ​ ရွာမ​ကျေးရွာအုပ်​စု ရွာမ​ကျေးရွာမှာ ​နေအိမ်​ ၈၇ လုံး ထိခိုက်​ပျက်​စီးမှုရှိခဲ့ပြီး ထိခိုက်​ဆုံးရှုံးမှုများတဲ့ ​နေအိမ်​ ၅၈ လုံးကို ​ထောက်​ပံ့​ပေးအပ်​ခဲ့တာလို့ တာဝန်​ရှိသူတဦးက ပြောပါတယ်။ ကိုလင်း(​ချောက်​)
5 years Ago
Up