လေပေါ်ဝဲ ဘွန်ဇိုင်း

February 3, 2016

လေပေါ်ဝဲ ဘွန်ဇိုင်း (ရုပ်သံ)

ဂျပန်နိုင်ငံတောင်ပိုင်းက ဟိုရှင်းချု 'Hoshinchu' ဆိုတဲ့ ဘွန်ဇိုင်းဥယျာဉ်လေးက စိတ်ကူးအဆန်းအသစ်နဲ့ “လေပေါ်ဝဲ ဘွန်ဇိုင်း” ပရောဂျက်လေးကို စတင်လိုက်ပြီး မကြာခင်မှာပဲ ထောက်ပံ့ကူညီငွေ အမေရိကန်ဒေါ်လာ ၅ သိန်းကျော် ရရှိထားတယ်လို့ ပရောဂျက်လေးကို ထူထောင်သူတွေက ဆိုပါတယ်။ ဒီလေပေါ်ဝဲ ဘွန်ဇိုင်းပန်အိုးလေးတွေကို သံလိုက်နည်းပညာနဲ့ လေထဲမှာ မြောက်တင် ထားတာပါ။ ဘွန်ဇိုင်းပင်စိုက်ပျိုးမှုအနုပညာဟာ ရှေးဟောင်းဂျပန်ရိုးရာတခု ဖြစ်ပေမယ့် အခုတော့ ရှိပြီးသားနည်းပညာနဲ့ ဆန်းသစ်ထားတာလည်း ဖြစ်ပါတယ်။ လေပေါ်မှာ လည်နေတဲ့ ဘွန်ဇိုင်းပင်အိုးထဲမှာ အလေးချိန် ၂၅၀ ဂရမ်အထိ မြောက်တင် နိုင်တဲ့ သံလိုက်တုံးတတုံး ထည့်ထားပြီး အောက်အခံအိုးထဲမှာလည်း လျှပ်စစ်ဓာတ်အားပေး ထားတဲ့ သံလိုက်တုံး တတုံးကို တပ်ဆင်ထားပါတယ်။ ဆန့်ကျင်ဖက်သံလိုက်ဝန်ရိုး ၂ ခုကို ဆိုင်ထားပေးလိုက်တဲ့အတွက် အမြင်အရ ဘွန်ဇိုင်း ပန်းအိုးလေးက လေထဲမှာ မြောက်နေသယောင်ဖြစ်နေတာပါ။ အခုလထဲမှာပဲ ထောက်ပံ့ကူညီငွေ အမေရိကန်ဒေါ်လာ ၈ သောင်းလောက်ပဲရဖို့ မျှော်မှန်းပြီး ပရောဂျက်လေးကို စတင်ခဲ့ပေမယ့် အခုတော့ ကမ္ဘာတ၀န်းက စိတ်ဝင်စားသူတွေရဲ့ ထောက်ပံ့ငွေဟာ အမေရိကန်ဒေါ်လာ သန်းတ၀က်ကျော်ရရှိနေပြီလို့ ဒီပရောဂျက်လေးကို ထူထောင်သူတွေက ဆိုပါတယ်။ လာမယ့် သြဂုတ်လကျမှ ဒီဘွန်ဇိုင်းပင်လေးတွေကို စတင်ရောင်းချမယ်လို့ “ဟိုရှင်ချူ” ဘွန်ဇိုင်း ၀က်ဆိုဒ်က ဆိုပါတယ်။
7 years Ago
Up