လော်ရီကားမောင်းနှင်စဉ် ရှေ့ကပတ်ပြီး ကားထဲပြန်ဝင် စတန့်လုပ်ပြသည့် ကားသမား

February 24, 2017

လော်ရီကားမောင်းနှင်စဉ် ရှေ့ကပတ်ပြီး ကားထဲပြန်ဝင် စတန့်လုပ်ပြသည့် ကားသမား (ရုပ်သံ)

လော်ရီကားမောင်းသူတဦးဟာ မောင်းနေရင်း ကားရဲ့အရှေ့အပြင်ဘက်ကို ပတ်သွားပြီး ကားထဲပြန်ဝင်လာတဲ့ စတန့်လုပ် ရုပ်သံရိုက်ကူးခဲ့ပါတယ်။ အိန္ဒိယနိုင်ငံက ကားတွေရှုပ်ထွေးနေတဲ့ လမ်းတခုမှာ အခုလိုလုပ်ခဲ့တာလို့ ဒေးလီးမေးလ် အွန်လိုင်းသတင်းစာမျက်နှာမှာ ဖေဖော်ဝါရီ ၂၂ ရက်နေ့က ဖော်ပြပါတယ်။ ဒီလိုအန္တရာယ်များတဲ့ စတန့် သရုပ်ဖော်တာကို သူ့သူငယ်ချင်းတွေက မှတ်တမ်းတင်ထားခဲ့တာပါ။ ကားပေါ်မှာ အိန္ဒိယသီချင်း အကျယ်ကြီးဖွင့်ထားပြီး အပေါ်အကျီင်္ိမပါတဲ့ ကားသမားဟာ ထိုင်ခုံကခွာ ကားအပြင်ထွက် လှည့်ပတ်ပြီး ကားထဲပြန်ဝင် ဆက်မောင်းခဲ့တာကို ရုပ်သံဖိုင်မှာ တွေ့ရပါတယ်။
4 years Ago
Up