လော့ဖ်တပ်စ်ချိ

September 13, 2018

နည်းပြဆာရီ၏ နည်းစနစ်များကို သင်ယူရန်လိုသေးဟု ကွင်းလယ်လူ လော့ဖ်တပ်စ်ချိ ပြော

နည်းပြဆာရီရဲ့ နည်းစနစ်တွေကို လေ့လာသင်ယူဖို့ လိုသေးတယ်လို့ ချဲလ်ဆီးကွင်းလယ်လူ လော့ဖ်တပ်စ်ချိက ပြောလိုက်ပါတယ်။ ပြီးခဲ့တဲ့ရက်တွေအတွင်း နည်းပြဆာရီနဲ့ ဆွေးနွေးခဲ့ပြီး နည်းစနစ်ပိုင်းနဲ့ပတ်သက်လို့ မိမိ သင်ယူဖို့လိုသေးကြောင်း ဆာရီက ပြောကြားခဲ့တယ်လို့ လော့ဖ်တပ်စ်ချိက ပြန်လည်ပြောပါတယ်။ ဒါကြောင့် လေ့ကျင့်ရေးကွင်းမှာ သူ့ရဲ့နည်းစနစ်တွေနဲ့ ပတ်သက်လို့ လေ့လာသင်ယူနေဆဲဖြစ်ပြီး အမြန်ဆုံး သိရှိလာမယ်ဆိုရင်တော့ ပွဲထွက်ရဖို့ အခွင့်အရေးရှိတယ်လို့ လော့ဖ်တပ်စ်ချိက ပြောပါတယ်။ အသက် ၂၂ နှစ်ရှိ ကွင်းလယ်ကစားသမား လော့ဖ်တပ်စ်ချိဟာ ဆွစ်ဇာလန်ကို တဂိုး ဂိုးမရှိနဲ့ အနိုင်ရတဲ့ပွဲမှာ အင်္ဂလန်အသင်းနဲ့အတူ ပွဲထွက်ကစားခဲ့ပါတယ်။ လော့ဖ်တပ်စ်ချိအနေနဲ့ ကလပ်အသင်းမှာ ပွဲထွက်ခွင့်ရဖို့ လိုတာကြောင့် အင်္ဂလန်အသင်းမှာ ပြန်လည်ပါဝင်ခွင့်ရဖို့ ရုန်းကန်ရဖွယ် ရှိနေပါတယ်။
3 years Ago

August 14, 2018

ချဲလ်ဆီးကွင်းလယ်ကစားသမား လော့ဖ်တပ်စ်ချိကို ရှော်ကေးအသင်းထံ အငှားချဖွယ်ရှိ

ချဲလ်ဆီးအသင်းဟာ ကွင်းလယ်ကစားသမား လော့ဖ်တပ်စ်ချိကို ရှော်ကေးအသင်းဆီ အငှားချဖို့ ရှိနေပါတယ်။ နည်းပြသစ် ဆာရီဟာ အင်္ဂလန်လက်ရွေးစင် လော့ဖ်တပ်စ်ချိကို ပွဲထွက်ကစားခွင့်ပေးဖို့ မသေချာတာကြောင့် အငှားချဖို့ ဆုံးဖြတ်ထားပါတယ်။ ဘွန်ဒက်စ်လီဂါကလပ် ရှော်ကေးအသင်းကလည်း လော့ဖ်တပ်စ်ချိကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာကြောင့် အပြောင်းအရွှေ့ဖြစ်ဖို့ ရှိနေပါတယ်။ အင်္ဂလန်ပရီးမီးယားလိဂ်မှာ အပြောင်းအရွှေ့ကာလ ပိတ်သိမ်းသွားပြီဖြစ်လို့ ကစားသမားခေါ်ယူခွင့် မရှိတော့ပေမယ့် ဘွန်ဒက်စ်လီဂါကတော့ သြဂုတ်လ အကုန်အထိ ဖွင့်လှစ်ထားတာဖြစ်လို့ ကစားသမား ခေါ်ယူခွင့်ရှိနေတာ ဖြစ်ပါတယ်။ လော့ဖ်တပ်စ်ချိ ကိုယ်တိုင်ကတော့ အသင်းမှာ ဆက်ရှိလိုပေမယ့် ကိုဗာဆစ်လည်း ရှိနေတာကြောင့် ပွဲထွက်ကစားခွင့်ရဖို့ အသင်းပြောင်းဖွယ် ရှိနေပါတယ်။
3 years Ago
Up