အမေရိကန်ပြည်ထောင်စု လော့စ်အိန်ဂျလိစ်မြို့မြောက်ပိုင်းက ပရိုပိန်းဓာတ်ငွေ့ သိုလှောင်ရုံတခု ဖေဖော်ဝါရီ ၁ ရက်နေ့က မီးအကြီးအကျယ် လောင်ကျွမ်းခဲ့ပါတယ်။
ပရိုပိန်းဓာတ်ငွေ့အိုး ပေါက်ကွဲမှုကနေ မီးစတင်လောင်ကျွမ်းတာဖြစ်ပြီး တခြားအိုးတွေပါ ကူးစက်လောင်ကျွမ်းခဲ့တာလို့ လော့စ်အိန်ဂျလိစ် မီးသတ်အာဏာပိုင်တွေက ဆိုပါတယ်။
ဖေဖော်ဝါရီ ၁ ရက်နေ့ မနက်ပိုင်းမှာ ဓာတ်ငွေ့အိုး ပေါက်ကွဲမီးလောင်တာကို လမ်းသွားလမ်းလာတဦးက မီးသတ်အာဏာပိုင်တွေကို သတိပေး အကြောင်းကြားခဲ့တာလို့ ဆိုပါတယ်။
မီးသတ်တပ်ဖွဲ့ဝင် ၁၄၀ ကျော် ၂ နာရီလောက် မီးငြှိမ်းသတ်ခဲ့ကြပြီး လူအသေအပျောက်လည်း မရှိခဲ့ပါဘူး။
တခြား အိမ်နီးချင်းတွေကိုလည်း မီးကူးစက်လောင်ကျွမ်းမှု မရှိခဲ့ဘူးလို့ မီးသတ်တပ်ဖွဲ့က ပြောဆိုပါတယ်။
7 years Ago