လောင်းကစားဝက်ဆိုက်

June 16, 2018

လောင်းကစားဝက်ဆိုက် ကြော်ငြာပေးမှုဖြင့် မော်ဒယ်တဦးကို ထိုင်းရဲ စစ်ဆေး

နာမည်ကျော်အိုင်းရစ်မော်ဒယ်တဦးကို လောင်းကစားဝက်ဆိုက်တွေကို ကြော်ငြာပေးမှုနဲ့ ပတ်သက်ပြီး ထိုင်းရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုပြုလုပ်နေတယ်လို့ pattayaone သတင်းမှာဖော်ပြပါတယ်။ အသက် ၁၉ နှစ်အရွယ် နာမည်ကြီးမော်ဒယ် ဂျက်စီဗာ့ဒ်ဟာ အခုသီတင်းပတ်အစောပိုင်း ထုတ်ပြန်ခဲ့တဲ့ ဝရမ်းမှာပါဝင်တဲ့ မော်ဒယ် ၁၅ ဦးထဲက တဦးလည်း ဖြစ်ပါတယ်။ ထိုင်းအာဏာပိုင်တွေက ရုရှားမှာ ကျင်းပနေတဲ့ ၂၀၁၈ ကမ္ဘာ့ဖလားပွဲမတိုင်မီ ပြည်သူတွေကို လောင်းကစားမှုတွေ မလုပ်ဖို့ တိုက်တွန်းထားတာဖြစ်ပြီး ဂျက်စီဗာ့ဒ်က အွန်းလိုင်လောင်းကစား ဝက်ဆိုက်တွေကို လူစိတ်ဝင်စားမှုမြင့်တက်လာအောင် ကြော်ငြာပေးခဲ့တာပါ။ ဒွန်နီဂယ်ဖွား မော်ဒယ်ကို လာမယ့် တရားရုံး စစ်ဆေးမှုတွေမှာ မြင်တွေ့ရမယ်လို့လည်း ယူဆရပါတယ်။ သတင်းတွေအရ ဒီလိုလောင်းကစား ဝက်ဆိုက်တွေကို ကြော်ငြာပေးတဲ့ မော်ဒယ်အမျိုးသမီးတွေဟာ ၁ လကို ပေါင် ၁၀၀၀၀ လောက်အထိ ဝင်ငွေရရှိတယ်လို့လည်း သိရပါတယ်။ “အွန်လိုင်းပေါ်မှ အချောအလှများ” လို့လည်း ထင်ရှားတဲ့ ဂျက်စီဗာ့ဒ်အပါအဝင် မော်ဒယ် ၁၅ ဦးကို လာမယ့် ဗုဒ္ဓဟူးနေ့ အမိန့်ချမှတ်မှာ ဖြစ်ပါတယ်။ လူမှုကွန်ရက်တွေမှာ Follower များစွာရှိတဲ့ နာမည်ကျော်တွေဟာ လောင်းကစားနဲ့ ပတ်သတ်တဲ့ အရာတွေကို ကြော်ငြာလို့၊ လူစိတ်ဝင်စားအောင် လုပ်လို့မရပါဘူးလို့လည်း ထိုင်းတော်ဝင်ရဲတပ်ဖွဲ့ရဲ့ အပြောကို ကိုးကားပြီး Daily Star သတင်းမှာဖော်ပြပါတယ်။ ဂျက်စီဗာဒ်ဟာ ထိုင်းနိုင်ငံမှာ နေထိုင်နေသူလည်း ဖြစ်ပါတယ်။
3 years Ago
Up