လောင်းကစားမှု

March 9, 2019

ဖေဖော်ဝါရီလတွင် တနိုင်ငံလုံး လောင်းကစားမှု ၃၀၀ ကျော် ဖမ်းမိ

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလထဲက တနိုင်ငံလုံးမှာ လောင်းကစားမှု ၃၀၀ ကျော်ဖမ်းမိခဲ့ပြီး ထက်ဝက်လောက်က ရန်ကုန်တိုင်းထဲမှာ ဖြစ်တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ ရန်ကုန်တိုင်းထဲမှာ ၁၅၄ မှုနဲ့ အများဆုံးဖမ်းမိပြီး ပဲခူးတိုင်းမှာ အမှု ၅၀၊ ဧရာဝတီတိုင်းမှာ ၃၃ မှု၊ မန္တလေးတိုင်းမှာ ၂၉ မှု ဖမ်းဆီးမိခဲ့ပြီး တနိုင်ငံလုံးမှာတော့ ၃၄၆ မှု ဖမ်းမိခဲ့ပါတယ်။ လောင်းကစားမှုတွေထဲမှာ နှစ်လုံးထီက ၁၄၇ မှုဖြစ်လို့ အများဆုံးဖြစ်ပြီး ဖဲက ၆၄ မှု၊ ချဲထီက အမှု ၅၀ ဖြစ်ပါတယ်။ ဒီအမှုတွေအတွက် တရားခံ ၈၃၄ ယောက်ဖမ်းဆီးထားပြီး လောင်းကြေးငွေ ကျပ်သိန်း ၃၂၀ ကျော်ဖမ်းဆီးမိတယ်လို့လည်း ဆိုပါတယ်။ ဖမ်းဆီးရမိတဲ့စာရင်းမှာ ကယားနဲ့ ချင်းပြည်နယ်၊ တနင်္သာရီတိုင်းတို့ မပါပါဘူး။
2 years Ago

November 13, 2018

လောင်းကစားမှုတွင် ပါဝင်သည်ဟု စွပ်စွဲခံရသည့် စတာရစ်ခ်ျ တသက်တာ ပွဲပယ်ခံရဖွယ်ရှိ

လီဗာပူးတိုက်စစ်မှူး စတာရစ်ခ်ျဟာ လောင်းကစားမှုမှာ ပါဝင်တယ်လို့ စွပ်စွဲခံထားရပြီး တသက်တာပွဲပယ်အထိ ချခံရဖို့ ရှိနေပါတယ်။ အင်္ဂလန်အက်ဖ်အေအနေနဲ့ စတာရစ်ခ်ျရဲ့ လောင်းကစားကိစ္စနဲ့ ပတ်သက်ပြီး ၈ လကြာ စုံစမ်းစစ်ဆေးခဲ့ပြီးနောက် အခုလို သတိပေးစာ ပို့လိုက်တာဖြစ်ပါတယ်။ စတာရစ်ခ်ျအနေနဲ့ နိုဝင်ဘာ ၂၀ ရက်ထက် နောက်မကျဘဲ အက်ဖ်အေကို လျှောက်လဲချက်ပေးရမှာ ဖြစ်ပါတယ်။ စတာရစ်ခ်ျအနေနဲ့ ပြီးခဲ့တဲ့နှစ်က ဝက်စ်ဘရွန်းအသင်းမှာ အငှားသွားရောက်ကစားခဲ့စဉ်က လောင်းကစားမှု ပြုလုပ်ခဲ့တာလို့ ယူဆရပြီး အက်ဖ်အေက အပြီးသတ် စစ်ဆေးမှုတွေ ထပ်လုပ်မှာ ဖြစ်ပါတယ်။ အက်ဖ်အေဟာ အင်္ဂလန်ကစားသမား ဂျိုယေးဘာတန်ကို လောင်ကစားပြုလုပ်မှုနဲ့ ၁၈ လ ပွဲပယ်ပြစ်ဒဏ် ချမှတ်ဖူးပါတယ်။ စတာရစ်ခ်ျအနေနဲ့ လီဗာပူးအသင်းနဲ့လည်း စာချုပ်သက်တမ်း နောက်ဆုံးနှစ် ရောက်ရှိနေတာကြောင့် စွပ်စွဲမှုက ပြစ်မှုထင်ရှားမယ်ဆိုရင် တသက်တာပွဲပယ်အထိ ချမှတ်ခံရဖို့ ရှိနေပါတယ်။
2 years Ago
Up