လောင်စာတိုက်

January 19, 2019

မက္ကဆီကိုတွင် လောင်စာပိုက်လိုင်း ပေါက်ကွဲမှုကြောင့် ၂၀ သေဆုံး၊ ၇၁ ဦး ဒဏ်ရာရ

မက္ကဆီကိုနိုင်ငံအလယ်ပိုင်း ဟီဒယ်ဂိုပြည်နယ်မှာ ဇန်န၀ါရီ ၁၈ ရက်နေ့က လောင်စာပိုက်လိုင်း ပေါက်ကွဲမှုကြောင့် အနည်းဆုံး လူအယောက် ၂၀ သေဆုံးပြီး ၇၁ ယောက် ဒဏ်ရာရတယ်လို့ ပြည်နယ်နဲ့ ဖက်ဒရယ်အာဏာပိုင်တွေက ပြောကြားပါတယ်။ လောင်စာသူခိုးတွေ ဖောက်ယူခဲ့တဲ့ ပိုက်လိုင်းက လောင်စာဆီတွေကို လူတွေ သွားယူရာကနေ ပေါက်ကွဲမှု ဖြစ်ခဲ့တာပါ။ အဆိုပါ မီးကို ငြှိမ်းသတ်နိုင်ခြင်း မရှိသေးဘူးလို့လည်း ဟီဒယ်ဂိုပြည်နယ် အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ နိုင်ငံပိုင် ပမ်းမက်စ် ရေနံလုပ်ငန်းရဲ့ တူလာ ရေနံသန့်စင် စက်ရုံအနီးက လောင်စာပိုက်လိုင်း ဖျက်ဆီးခံရတာဖြစ်ပါတယ်။ တရားမ၀င် လောင်စာ ခိုးယူမှုကြောင့် အခုလို ဖြစ်ရတာလို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြပါတယ်။ မက္ကဆီကန် သမ္မတ အန်ဒရေ မန်နူရယ် လိုပက်ဇ်က သောင်းကျန်းနေတဲ့ လောင်စာဆီ ခိုးယူမှုကို ပြင်းပြင်းထန်ထန် နှိမ်နှင်းဖို့ အမိန့်ထုတ်ပြန်ခဲ့ပါတယ်။ မနှစ်က လောင်စာဆီခိုးယူမှုကြောင့် နိုင်ငံအနေနဲ့ အမေရိကန် ဒေါ်လာ ၃ ဘီလျံကျော် ဆုံးရှုံးနစ်နာခဲ့တယလို့ မက္ကဆီကန်အစိုးရက ပြောကြားပါတယ်။
2 years Ago
Up