လောင်စာဆီပြတ် အပျော်စီးလေပူဖောင်းပေါ်က လူ ၉ ဦးကို ကယ်တင် (ရုပ်သံ)

A d v e r t i s e m e n t With Us

May 22, 2016

လောင်စာဆီပြတ် အပျော်စီးလေပူဖောင်းပေါ်က လူ ၉ ဦးကို ကယ်တင် (ရုပ်သံ)

သြစတြေးလျနိုင်ငံ၊ ၀ိတိုရိယပြည်နယ်၊ Port Phillip ပင်လယ်အော်မှာ လိုက်ပါစီးနင်း သူများပြီး လောင်စာဆီ မလုံမလောက်ဖြစ်နေတဲ့ အပျော်စီးလေပူဖောင်းပေါ်ကနေ လူ ၉ ဦးကို အနီးဖြတ်သွားတဲ့ မော်တော်ဘုတ်တစီးက မေ ၂၁ ရက်နေ့က ကယ်တင်ခဲ့ကြပါတယ်။ လေပူဖောင်းဟာ လောင်စာဆီမလုံမလောက်နဲ့ ပင်လယ်ပြင်ပေါ် ပျံဝဲနေပြီး တကယ်လို့ ကယ်ဆယ်မယ့်သူမရှိရင် ကမ်းခြေကို ပြန်မရောက်နိုင်ပဲ ရေနစ်ကြမယ့်အခြေအနေ ကြုံတွေ့နေတာပါ။ အဲ့ဒါကိုတွေ့မြင်တဲ့ မော်တော်ဘုတ်က အပျော်စီးလေပူပေါင်းဆီ သွားရောက်ပြီး လိုက်ပါသူ ၉ ဦးကို တဦးချင်း ကယ်ဆယ်ခဲ့တာပါ။ လေပူဖောင်းမောင်းနှင်သူကလည်း တည်တည်ငြိမ်ငြိမ်နဲ့ ခရီးသည် တယောက်ပြီးတယောက် ဆင်းနိုင်အောင် နိမ့်ဆင်းပေးခဲ့ပြီး လေပူဖောင်းကို သူတဦးတည်း ကမ်းခြေပြန်ရောက်အောင် မောင်းနှင်နိုင်ခဲ့တယ်လို့ ကယ်ဆယ်ခဲ့သူတဦးက ပြောဆိုပါတယ်။ လေပူဖောင်း လိုက်ပါစီးနင်းသူတွေရော၊ မောင်းနှင်သူပါ တဦးမှ ထိခိုက် ခဲ့ခြင်းမရှိပေမယ့် ရဲကတော့ အခုလိုဖြစ်ရတဲ့အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေပါတယ်။
5 years Ago
Up