လောင်စာဆီတင်ယာဉ်

June 29, 2018

နိုင်ဂျီးရီးယားတွင် လောင်စာဆီတင်ယာဉ် မီးလောင်၊ ၉ ဦးသေ

နိုင်ဂျီးရီးယားနိုင်ငံ စီးပွားရေးမြို့တော် လာဂို့စ်မှာ ဇွန် ၂၈ ရက်က လောင်စာဆီတင်ယာဉ်တစီး မီးလောင်ခဲ့တာကြောင့် လူ ၉ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရခဲ့ပါတယ်။ ဒါ့အပြင် တခြားယာဉ် ၅၃ စီးလည်း မီးလောင်ကျွမ်း ပျက်စီးခဲ့ပါတယ်။ အဲဒီမတော်တဆမှုဟာ လာဂို့စ်နဲ့ အစ်ဘစ်ဒန် မြို့ ၂ မြို့ကို ဆက်သွယ်တဲ့ မော်တော်ကားလမ်းပေါ်မှာ ဖြစ်ပွားခဲ့တယ်လို့ အရေးပေါ်စီမံခန့်ခွဲရေး ပြောခွင့်ရပုဂ္ဂိုလ်က ဆိုပါတယ်။ လောင်စာဆီတင်ယာဉ်ဟာ ဘရိတ်ပေါက်ပြီး မတော်တဆ ဖြစ်ခဲ့တယ်လို့ တာဝန်ရှိသူတဦးက ပြောပါတယ်။ မီးလောင်မှုကြောင့် လောင်စာဆီတင်ယာဉ်၊ ခရီးသည်ယာဉ် ၅ စီး၊ ထရပ်ကား ၂ စီး၊ သုံးဘီးဆိုင်ကယ် ၁ စီးနဲ့ အိမ်စီးကား ၄၅ စီးတို့ လောင်ကျွမ်းပျက်စီးခဲ့တယ်လို့ တာဝန်ရှိသူက ပြောပါတယ်။
3 years Ago
Up