လောင်စာဆီတင်ကား ပေါက်ကွဲမှုဖြစ်၊ အနီးနား အိမ် ၂ လုံးမီးလောင်

May 30, 2016

လောင်စာဆီတင်ကား ပေါက်ကွဲမှုဖြစ်၊ အနီးနား အိမ် ၂ လုံးမီးလောင်

ထိုင်းနိုင်ငံ၊ ကလန်ခရိုင်ထဲမှာ ဒီကနေ့မနက် အစောပိုင်းက လောင်စာဆီတင်ကား တစီးဟာ လမ်းမပေါ် မောင်းနှင်လာချိန်မှာ ရုတ်တရက် တပတ်လည်ပြီး ပေါက်ကွဲမှုဖြစ်ကာ အနီးနားက အိမ် ၂ လုံး မီးစွဲလောင်ခဲ့ပါတယ်။ အဲဒီလောင်စာဆီတင်ကားဟာ Thai Oil Plc လုပ်ငန်းပိုင်ဖြစ်ပြီး ဒီကနေ့မနက် ၇ နာရီလောက်မှာ ချန်သဘူရီ-ထရက်တ် မြို့ရှောင်လမ်းပေါ် မောင်းနှင်လာချိန် မို-၆ ကျေးရွာအရောက်မှာ ရုတ်တရက် မီးလောင်ပေါက်ကွဲမှု ဖြစ်ခဲ့တာပါ။ ယင်းဆက်ခ်ချန်ဆူဝမ် အမည်ရတဲ့ ယာဉ်မောင်းသူကတော့ ထိခိုက်ဒဏ်ရာ ရရှိရုံကလွဲလို့ အသက်ဘေးက လွတ်မြောက်ခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။ ပျက်စီးဆုံးရှုံးမှုအနေနဲ့ ကားပေါ်မှာ လောင်စာဆီလီတာ ၅ သောင်း တင်ဆောင်ထားခဲ့တာလို့ ဆိုပါတယ်။ အနီးနား ဒေသခံ ကယ်ဆယ်ရေးသမားတွေနဲ့ မီးသတ်ကား ၁၀ စီးလောက်ဟာ အခင်းဖြစ်တဲ့နေရာဆီ လာရောက်ပြီး မီးငြှိမ်းသတ်ခဲ့ကြပေမယ့် နောက်ကျသွားခဲ့ပြီး အနီးနားက အိမ် ၂ လုံး မီးလောင်ကျွမ်းခဲ့ပါတယ်။ မီးသတ်သမားတွေဟာ မိနစ် ၃၀ လောက်ကြာအောင် မီးကို ငြှိမ်းသတ်ခဲ့ကြရပြီး အနီးနားက လျှပ်စစ်ဆက်သွယ်ရေးကြိုးတွေလည်း ပျက်စီးသွားခဲ့ရတဲ့အတွက် ဒေသတွင်း မီးပြတ်တောက်သွားခဲ့ရတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
6 years Ago
Up