မက္ကဆီကိုနိုင်ငံမှာ ဒေါ်လာဘီလျံပေါင်းများစွာ နစ်နာစေတဲ့ လောင်စာခိုးယူမှုတွေကို ရပ်တန့်စေဖို့ မက္ကဆီကန် ရေတပ်ဟာ လောင်စာဆီခိုးမှု နှိမ်နှင်းရေး လုပ်ဆောင်နေပါတယ်။
ဖေဖော်ဝါရီလ ၁ ရက်နေ့က မက္ကဆီကန် ရေတပ်ရဟတ်ယာဉ်တွေဟာ လောင်စာပိုက်လိုင်းတွေ ကြားဖြတ်ခိုးယူခံရတဲ့ နေရာတွေကို ဝေဟင်ကနေ ရဟတ်ယာဉ်နဲ့ ကင်းလှည့်စောင့်ကြည့်ခဲ့ပါတယ်။
မက္ကဆီကန် သမ္မတ လိုပက်ဇ်-အိုဘရေဒိုက စစ်တပ်ကို အသုံးပြုပြီး လောင်စာဆီခိုးတဲ့ ပြဿနာကို နှိမ်နှ်င်းမယ်လို့ ဒီဇင်ဘာလကုန် သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
မက္ကဆီကို ဒုစရိုက်ဂိုဏ်းတွေဟာ လောင်စာဆီခိုးပြီး သူတို့ဝင်ငွေကို နှစ်ပေါင်းများစွာ ဖြည့်တင်းခဲ့ပါတယ်။
ဒီအတွက် မက္ကဆီကို ရေနံလုပ်ငန်းတွေ အထိနာပြီး နိုင်ငံတော်ရဲ့ အခွန်ဘဏ္ဍာငွေတွေ ယိုဖိတ်ခဲ့ပါတယ်။
မက္ကဆီကို ကာကွယ်ရေးဝန်ကြီးကလည်း အချက်အခြာကျတဲ့ လောင်စာပိုက်လိုင်းတွေမှာ စစ်ဘက်လုံခြုံရေးကို တိုးမြှင့်ချထားမယ်လို့ ပြီးခဲ့တဲ့ ဒီဇင်ဘာလက ပြောခဲ့ပါတယ်။
2 years Ago