၂၀ ရာစုဆန်းပိုင်းက အီတလီ ပန်းချီဆရာတဦး ရေးဆွဲခဲ့တဲ့ အဝတ်အစားမပါတဲ့ အမျိုးသမီးတဦးရဲ့ ပုံတူပန်းချီကားကို နယူးယောက်မှာ လေလံပစ်ဖို့ စီစဉ်နေပြီး အမေရိကန်ဒေါ်လာ သန်း ၁၅၀ လောက် ရနိုင်တယ်လို့ ဆောက်သဒ်ဘီ (Sotheby) လေလံအဖွဲ့က ခန့်မှန်းထားပါတယ်။
အဲဒီပန်းချီကားကို နာမည်ကျော် အီတလီပန်းချီဆရာတဦးဖြစ်တဲ့ အာမေဒီယို မိုဒီဂလီယာနီ (Amedeo Modigliani) ၁၉၁၇ ခုနှစ်မှာ ရေးဆွဲခဲ့တာဖြစ်ပါတယ်။
ပန်းချီဆရာ မိုဒီဂလီယာနီဟာ အသက် ၃၅ နှစ်အရွယ်မှာ ကွယ်လွန်ခဲ့ပြီး သူ မကွယ်လွန်မီ အချိန်တိုအတွင်းမှာ ဒီပန်းချီကားကို ရေးဆွဲခဲ့တာပါ။
ဆောက်သဒ်ဘီ လေလံအဖွဲ့က ဒီပန်းချီကားကို မေလ ၁၄ ရက်နေ့မှာ လေလံပစ်ဖို့ စီစဉ်ထားပြီး အမေရိကန်ဒေါ်လာ သန်း ၁၅၀ လောက်ရဖို့ မျှော်လင့်ထားပါတယ်။
လောလောဆယ် ဈေးအမြင့်ဆုံး ရရှိထားတဲ့ ပန်းချီကားကတော့ နာမည်ကျော် အီတလီပန်းချီဆရာ လီယိုနာဒိုဒါဗင်ချီရဲ့ ဆားလ်ဗေတော မွန်းဒီ (Salvator Mundi) ပန်းချီကားဖြစ်ပြီး အမေရိကန်ဒေါ်လာ သန်း ၄၅၀ ကျော် ရရှိထားပါတယ်။
3 years Ago