လေရှီးမြို့သွားလမ်း

June 15, 2018

ထမံသီနှင့် လေရှီးမြို့သွားလမ်း မိုးရွာသွန်းမှုကြောင့် ပျက်စီး

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ် ထမံသီနဲ့ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့ကိုသွားတဲ့ လမ်းတွေ မိုးရွာသွန်းမှုကြောင့် ပျက်စီးသွားခဲ့ပါတယ်။ ဒေသခံ ဦးမိုးပန်းက “အခုဒီလမ်းတွေပျက်စီးသွားတာ ဇွန်လ ၁၃ ရက်နေ့ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပျက်စီးသွားတာပါ။ လမ်းတွေမြေသားလမ်းတွေ မိုးတွေက အဆက်မပျက် ရွာသွန်းနေတာ ၅ ရက်လောက်ရှိနေပြီ။ မိုးများတော့လမ်းတွေ ပျက်စီးကုန်တယ် ဒီလမ်းတွေက အရည်သွေးမမှီလို့တော့ မဟုတ်ဘူးမိုးများလို့ ပျက်စီးတာဘာ” လို့ ပြောပါတယ်။ နာဂဒေသမှာ မိုးရွာသွန်းမှုကြောင့် မကြာခဏဆိုသလို လမ်းတွေ ပျက်စီးနေပြီး ပျက်စီးနေတဲ့ လမ်းတွေကို သက်ဆိုင်ရာတာဝန်ရှိသူတွေက စစ်ဆေး ပြင်ဆင်ပေးစေချင်တယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒီလမ်းတွေကို နွေမိုးဆောင်းရာသီမရွေး သွားလာနိုင်အောင် လုပ်ဆောင်ပေးမှ အဆင်ပြေမယ်လို့ လည်းဆိုပါတယ်။ သတင်း- အောင်ဆန်းမြင့်
3 years Ago
Up