လေယာဉ်​ဆီ

May 17, 2019

လေယာဉ်​ဆီတင်​​ဆောင်​လာသည့် ဆီဘောင်ဆာတွဲယာဉ်​ မီးလောင်

ရေနံ​ချောင်းမြို့ မြို့​ရှောင်​လမ်းခွဲ၊ မိုင်​တိုင်​အမှတ်​ ၈ မိုင်နဲ့ ၇ မိုင် ၇ ဖာခုံ ကြားမှာ​​ မေ ၁၆ ရက်​​ နေ့လယ် ၁ နာရီလောက်က လေယာဉ်​ဆီတွေ တင်​​ဆောင်​လာတဲ့ ၂၂ ဘီးကား မီး​လောင်​မှုဖြစ်ပွားခဲ့ပါတယ်။ လေယာဉ်​ဆီတွေကို မန်းသံပုရာကန်​ကနေ တင်​​ဆောင်​လာပြီး မန္တ​လေးမြို့၊ တံတားဦးကို သွား​ရောက်​မယ့် ၂၂ ဘီး ဆီဘောင်ဆာတွဲယာဉ်​ဟာ အဆိုပါ နေရာအရောက်မှာ ကားဘီး ဘရိတ်​ရှူးကပ်​ပြီး အပူလွန်​ကဲ မီး​လောင်​ခဲ့တာပါ​။ အခင်းဖြစ်​​နေရာကို မြို့နယ်​မီးသတ်တပ်ဖွဲ့က မီးငြှိမ်းသတ်​​ယာဉ်​ ၄ စီး၊ မြန်​မာ့​ရေနံနဲ့ သဘာဝဓာတ်​​ငွေ့ဌာနက မီးငြှိမ်းသတ်​ယာဉ်​ ၂ စီးနဲ့ ရေသယ်​ယာဉ်​ ၁ စီးတို့နဲ့ သွား​ရောက်​ငြှိမ်းသတ်​ခဲ့ပါတယ်​။ မီးလောင်မှုဖြစ်စဉ်ကြောင့် မိတ္ထီလာမြို့နေ ယာဉ်မောင်း ကို​ဌေး​အောင်​ ၃၈ နှစ်ကို ရေနံချောင်းမြို့ လက်မှတ်ကုန်း နယ်မြေရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ-၂၈၅ နဲ့ အမှုဖွင့် စစ်ဆေးနေပါတယ်။ သတင်း- ကိုလင်း(​ချောက်​)
2 years Ago
Up