လေယာဉ်ပြေးလမ်း ၁ ဒါဇင်ကျော်

February 23, 2018

တောနက်ထဲ ကိုကင်းကုန်ကူးသည့် လေယာဉ်ပြေးလမ်း ၁ ဒါဇင်ကျော် ဖောက်ခွဲဖျက်ဆီး (ရုပ်သံ)

တောနက်ထဲမှာရှိတဲ့ မူးယစ်ဂိုဏ်းတွေ ကိုကင်းမှောင်ခို ကုန်ကူးရာမှာ သုံးတဲ့ လေယာဉ်ပြေးလမ်း တဒါဇင်ကျော်ကို ပီရူးအာဏာပိုင်တွေက ဖျက်ဆီးခဲ့တယ်လို့ ဖေဖော်ဝါရီ ၂၂ ရက်မှာ အစီရင်ခံပါတယ်။ ပဲ့စ်ကိုဒေသက လေယာဉ်ပြေးလမ်း ၁၅ ခုကို ဖောက်ခွဲပစ်ခဲ့တယ်လို့ အစီရင်ခံစာတွေက ဆိုပါတယ်။ ဒီလေယာဉ်ပြေးလမ်းတွေဟာ ဘရာဇီး၊ ဘိုလီးဗီးယားနဲ့ ပါရာဂွေးတို့လို အိမ်နီးချင်းနိုင်ငံတွေကြား မူးယစ်ဆေးဝါး သယ်ယူပို့ဆောင်ရာမှာ သုံးလေ့ရှိတယ်လို့ အစီရင်ခံ ထားပါတယ်။ မူးယစ်နှိမ်နင်းမှု စစ်ဆင်ရေးတွေအတွင်း အာဏာပိုင်တွေဟာ မူးယစ်ဆေးလုပ်တဲ့ ဓာတ်ခွဲခန်း တခန်းကိုလည်း သိမ်းဆည်းရမိခဲ့ပြီး အဆောက်အဦတွေကို ဖျက်ဆီးပစ်ခဲ့ပါတယ်။ ပီရူးဟာ ကမ္ဘာ့ကိုကင်း အများဆုံး ထုတ်လုပ်သူအဖြစ် ကိုလံဘီယာနိုင်ငံနဲ့ တွဲလျက် နာမည်ထွက်တဲ့ နိုင်ငံပါ။ ဒါကြောင့် တောထဲမှာ မူးယစ်ကုန်ကူးတဲ့ လေယာဉ်ကို ပစ်ချဖို့ စစ်တပ်ကို အခွင့်အာဏာ ပေးတဲ့ ဥပဒေသစ်ကို ၂၀၁၅ ခုနှစ်မှာ ထုတ်ပြန်ခဲ့ပါတယ်။
4 years Ago
Up