လေထုထဲမှာရှိနေချိန် အရာဝတ္ထုပစ္စည်းတွေကို တဦးဆီတဦး ပစ်ပေးပြီး ဖမ်းယူကာ စွမ်းရည်ပြနိုင်ဖို့ဆိုတာ တကယ့်ကို မလွယ်ကူပါဘူး။
ဒါပေမယ့် ဒီလေထီးခုန်သမားတွေကတော့ ဒါကိုလုပ်နိုင်တယ်ဆိုတာကို စွမ်းရည် ပြသနိုင်ခဲ့ကြပါတယ်။
လေထီးခုန်သမားအုပ်စုတစုဟာ ဝေဟင်ထဲမှာ အုန်းသီးတလုံးကို လက်ဆင့်ကမ်း ဖမ်းယူပစ်ပေးကြကာ စွမ်းရည်ပြ သရုပ်ဖော်ခဲ့ကြတာပါ။
သူတို့ဟာ လေယာဉ်တစီးပေါ်ကနေ ခုန်ချခဲ့ပြီးနောက် အုန်းသီးတလုံးကို ပစ်ချခဲ့ပြီး တဦးဆီတဦး ပစ်ဖမ်းနိုင်စေဖို့ အပေးအယူတွေ လုပ်ခဲ့ကြတာဖြစ်တယ်လို့ စီဂျီတီအဲန်သတင်းမှာ ဒီကနေ့ ဖော်ပြပါတယ်။
အချိန်စက္ကန့် ၄၀ ကြာ ဒီရုပ်သံဗွီဒီယိုဖိုင်ဟာ ကြည့်ရှုသူတွေကို စိတ်လှုပ်ရှားစေမှာပါ။
အဲဒီနောက်မှာတော့ သူတို့ဟာ လေထီးတွေကိုဖွင့်ပြီး ခုန်ဆင်းသွားခဲ့ကြတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
6 years Ago