လေယာဉ်ပေါ်မှ

March 4, 2018

လေယာဉ်ပေါ်မှ လက်ကမ်းစာစောင်များ ကြဲချသည့်ရုပ်သံ ဆီးရီးယားစစ်တပ် ဖြန့်ချိ

ဆီးရီးယားနိုင်ငံ အရှေ့ဂိုတာ ဒေသအတွင်း ဒမတ်စကတ်မြို့နားမှာ စစ်သားတွေက လေယာဉ်ပေါ်ကနေ လက်ကမ်းစာစောင်တွေ ကြဲချနေပုံ ရုပ်သံကို ဆီးရီးယားစစ်တပ်က ဖြန့်ချိလိုက်ပါတယ်။ အရပ်သားတွေအတွက် ဘေးကင်းတဲ့ နေရာတွေ၊ လူသားချင်းစာနာမှုဆိုင်ရာ စင်္ကြန်လမ်းတွေနဲ့ ဆေးကုသခံနိုင်တဲ့ နေရာတွေကို အရပ်သားတွေဆီ နေ့စဉ် အကြောင်းကြားပေးမယ့် လက်ကမ်းစာစောင်တွေကို ကြဲချခဲ့တယ်လို့ စစ်တပ်က မတ်လ ၂ ရက်နေ့မှာ ပြောပါတယ်။ တကယ်လို့ အရပ်သားတွေက သူပုန်တွေနဲ့ မပူးပေါင်းဘူးဆိုရင် ဘေးကင်းမှု စားနပ်ရိက္ခာ နေရာထိုင်ခင်းနဲ့ အခမဲ့ ရှေးဦးသူနာပြုစုမှုရဖို့ အာမခံမယ်လို့ လက်ကမ်းစာစောင်က ဖော်ပြ ထားပါတယ်။ ဂူတာအရှေ့ပိုင်းမှာ ကလေးတွေအပါအဝင် လူနာ အယောက် ၁၀၀ နီးပါးရှိလို့ ဆေးကုဖို့ နေရာရွှေ့ပြောင်းရေးက ထိပ်တန်း ဦးစားပေး ဖြစ်နေတာပါ။ သိမ်းပိုက်ခံ ဒေသထဲမှာတော့ လူနာအယောက် ၁၀၀၀ ကျော်တယ်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးရဲ့ အကြီးတန်း အရာရှိက မတ် ၂ ရက်နေ့က ပြောပါတယ်။ လောလောဆယ် ဆီးရီးယား အစိုးရဟာ ဂိုတာ အရှေ့ပိုင်းစွန်းက သူပုန် ပိုင်နက်မြေတွေကို သိမ်းပိုက်ပြီးပြီလို့ ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ပြောခဲ့ပါတယ်။
4 years Ago
Up