လေယာဉ်မထွက်ခွာခင် တွေ့ရသည့် ဘရာဇီးဘောလုံးသမားများ (ရုပ်သံ)

December 1, 2016

လေယာဉ်မထွက်ခွာခင် တွေ့ရသည့် ဘရာဇီးဘောလုံးသမားများ (ရုပ်သံ)

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၈ ရက်နေ့က လေယာဉ်မတော်တဆပျက်ကျမှုမှာပါဝင်ခဲ့တဲ့ ဘရာဇီးဘောလုံးအသင်းသားတွေ လေယာဉ်မထွက်ခွာခင်အချိန် တွေ့ရတဲ့ ရုပ်သံဗွီဒီယိုဖိုင်ကို ဒေသတွင်းရုပ်သံသတင်းဌာနတွေက ပြန်ပြောင်းထုတ်လွှင့်နေကြပါတယ်။ ဒီမတော်တဆဖြစ်ရပ်မှာ ကံဆိုးစွာပါဝင်ခဲ့ကြတဲ့ ဘောလုံး သမားတွေနဲ့ တခြားခရီးသည်တွေအတွက် ပရိသတ်တွေက ၀မ်းနည်းပူဆွေးမှုတွေနဲ့ ယူကျုံးမရဖြစ်နေကြတာပါ။ လေယာဉ်မထွက်ခွာခင်မှာ ဘောလုံးသမားတွေဟာ ပျော်ပျော်ရွှင်ရွှင်နဲ့ ရှိနေခဲ့ကြကာ စကားစမြည်တွေပြောဆို ဆွေးနွေးနေခဲ့ကြတာကို တွေ့ရပါတယ်။ သူတို့အနေနဲ့ မျှော်လင့်ထားခဲ့ပုံမရပဲ ခုလိုကြုံတွေ့ခဲ့ရတာဟာ ဆိုးဝါးလွန်းတဲ့အတွက် ပရိသတ်တွေက ကရုဏာသက်နေခဲ့ကြတာပါ။ ဒီမတော်တဆပျက်ကျမှုဟာ အစပိုင်းက လျှပ်စစ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုတခု ကြောင့်ဖြစ်တယ်လို့ သတင်းမီဒီယာတွေမှာ ဖော်ပြခဲ့ကြပေမယ့် လေယာဉ်မှုးရဲ့ အကူအ ညီတောင်းတဲ့ အသံဖမ်းစက်မှတ်တမ်းထွက်ပေါ်ခဲ့ချိန်မှာတော့ ဒါဟာ လေယာဉ်ဆီ မလုံ လောက်မှုကြောင့် ဖြစ်ခဲ့ရတာလို့ ဆိုပါတယ်။ ချာပက်ကိုအန်ဆီ(Chapecoense)ဘောလုံးအသင်းဟာ နိုဝင်ဘာလ ၃၀ ရက်နေ့ မှာ မယ်ဒလင်းမြို့အခြေစိုက် Atletico Nacional အသင်းနဲ့ ယှဉ်ပြိုင်ကစားဖို့ ကိုလံဘီ ယာနိုင်ငံကနေ ထွက်ခွာလာခဲ့ချိန်မှာ ခုလိုဖြစ်ခဲ့ရတာပါ။ လေယာဉ်ပေါ်မှာ ခရီးသည်တွေ၊ ဘောလုံးသမားတွေ၊ သတင်းသမားတွေနဲ့ ခရီး သည်စုစုပေါင်း ၈၁ ဦးပါဝင်ပြီး လက်ရှိအချိန်ထိတော့ အသက်ရှင်ကျန်ရစ်သူ ၃ ဦးသာ ရှိ ခဲ့တာပါ။
6 years Ago
Up