လေယာဉ်တစီး လမ်းချော်

April 21, 2018

နီပေါလေဆိပ်တွင် လေယာဉ်တစီး လမ်းချော်

နီပေါနိုင်ငံ အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ဧပြီလ ၁၉ ရက်နေ့က လေယာဉ်တစ်စင်း လမ်းချော်ခဲ့ပါတယ်။ မလေးရှားလေကြောင်းလိုင်းက လေယာဉ်တစ်စင်းဟာ နီပေါနိုင်ငံရဲ့ တခုတည်းသော အပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေ ပျံတက်ဖို့ ပြင်ဆင်ချိန်မှာ အခုလို ပြေးလမ်းကနေ ချော်ထွက်ခဲ့တာပါ။ မလေးရှား လေကြောင်းလိုင်း Malindo Air က Boeing 737 လေယာဉ်ဟာဧပြီ ၁၉ ရက်နေ့ ညပိုင်းအချိန်မှာ လမ်းချော်ပြီး လေယာဉ်ပြေး လမ်းကနေ မီတာ ၄၀ အကွာမှာ ရပ်တန့်ခဲ့တယ်လို့ လေဆိပ်အရာရှိတွေက ပြောပါတယ်။ လေကြောင်းခရီးစဉ်တွေကို ရပ်ဆိုင်းခဲ့ရပေမယ့် ပြေးလမ်းချော်တဲ့ လေယာဉ်ပေါ်က ခရီးသည် ၁၃၉ ဦးကို ဘေးကင်းစွာ ရွှေ့ပြောင်းနိုင်ခဲ့ကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
3 years Ago
Up