လေယာဉ်တစီးပျက်ကျ

May 13, 2018

စပိန်တွင် အပေါ့စား လေယာဉ်တစီးပျက်ကျ၊ ၃ ဦးသေ

စပိန်နိုင်ငံမှာ အပေါ့စား လေယာဉ်တစီး မေလ ၁၂ ရက်နေ့က ပျက်ကျလို့ လူ ၃ ယောက် သေဆုံးတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ အရေးပေါ်ဌာနနဲ့ မှုခင်းရဲတွေက လေယာဉ်ပျက်ကျရာ အဝေးပြေးလမ်းနားမှာ ဓာတ်ပုံရိုက်နေတာ တွေ့ရပါတယ်။ သေဆုံးသူတွေ ဘယ်နိုင်ငံသားလဲဆိုတာ ချက်ချင်း မသိရသေးပါဘူး။ လေယာဉ်ဟာ ပေါ်တူဂီနိုင်ငံ ကတ်စ်ကိုက်စ်မြို့ကနေ ခရီးစခဲ့ပြီး စပိန်အနောက်မြောက်ပိုင်း ရယို့စ် နိုင်ငံတကာ လေဆိပ်ဆီ ဦးတည်ပျံသန်းနေတုန်း ပျက်ကျခဲ့တာလို့ ရဲက ပြောပါတယ်။ ကာတာလိုးနီးယား ပြည်နယ်ထဲက တာရာဂိုနာ စီရင်စုထဲမှာ ပျက်ကျတာဖြစ်လို့ လေဆိပ်က လေကြောင်းခရီးစဉ်တွေအပေါ် သက်ရောက်မှု မရှိခဲ့ပါဘူး။
3 years Ago
Up