လေယာဉ်စီးခရီး

September 21, 2018

လေထုဖိအားဒဏ်မခံနိုင်၍ လေယာဉ်စီးခရီးသည် ၃၀ ကျော် နှာခေါင်းနှင့်နားမှ သွေးယိုစီးမှုဖြစ် (ရုပ်သံ)

လေယာဉ်နဲ့ ခရီးသွားချိန်မှာ လေထုဖိအားဒဏ်မခံနိုင်တဲ့အတွက် လေယာဉ်စီးခရီးသည် ၃၀ ကျော်ဟာ နှာခေါင်းနဲ့ နားအတွင်းကနေ သွေးယိုစီးမှုတွေ ကြုံခဲ့ရတယ်လို့ စီဂျီတီအန်သတင်းမှာ ဒီကနေ့ဖော်ပြပါတယ်။ ဒီအဖြစ်အပျက်ဟာ စက်တင်ဘာလ ၂၀ ရက်နေ့က အိန္ဒိယလေကြောင်းလိုင်း လေယာဉ်တစင်းပေါ်မှာ ဖြစ်ခဲ့တာဖြစ်ပြီး လေယာဉ်အမှုထမ်းက ယာဉ်အတွင်း လေထု ထိန်းညှိမှုလုပ်ဆောင်မှုလုပ်ဖို့ မေ့လျော့ခဲ့တာကြောင့်လို့ ဆိုပါတယ်။ လေယာဉ်ပေါ်မှာတော့ ခရီးသည်စုစုပေါင်း ၁၆၆ ဦး စီးနင်းလိုက်ပါလာခဲ့တာဖြစ်ပြီး မွမ်ဘိုင်းကနေ အိန္ဒိယနိုင်ငံ ဂျပူးရ်မြို့ဆီ ပျံသန်းခဲ့တာပါ။ ဒါပေမယ့် ဒီအဖြစ်အပျက်ကြောင့် မွမ်ဘိုင်းမြို့ဆီ ပြန်လှည့်ခဲ့ရတာ သွေးယိုစီးမှု ကြုံတွေ့ခဲ့ရသူတွေကို ဆေးကုသမှုတွေ ပေးခဲ့ရတာ ဖြစ်ပါတယ်။ လေကြောင်းလိုင်း တာဝန်ရှိသူတွေကတော့ ဒီကိစ္စအပေါ် စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။
3 years Ago
Up