လေယာဉ်ငယ်တိုက်မိ

March 14, 2019

အမေရိကန်တွင် လေယာဉ်ငယ် ၂ စီး တိုက်မိပြီး မီးလောင်ပျက်ကျ

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် ကောမ်တန်မြို့မှာ လေယာဉ်ငယ်နှစ်စီး တိုက်မိပြီး မီးလောင်ပျက်ကျလို့ တဦးသေဆုံးပြီး တဦး ဒဏ်ရာရခဲ့ပါတယ်။ အင်ဂျင်တလုံးတပ် North American T28 လေယာဉ်ဟာ Cessna 152 လေယာဉ်နဲ့ တိုက်မိပြီး မီးလောင်ပျက်ကျခဲ့တယ်လို့ ဖက်ဒရယ်လေကြောင်း စီမံခန့်ခွဲရေး FAA တာဝန်ရှိသူတဦးက ပြောပါတယ်။ လေယာဉ်ပျက်ကျရာ နေရာကို မီးသတ်သမားတွေ ရောက်ရှိ ငြှိမ်းသတ်ပြီးနောက် ဒဏ်ရာရသူကို ဆေးရုံပို့ဆောင်ခဲ့ပါတယ်။ သေဆုံးသူနဲ့ ဒဏ်ရာရသူ နှစ်ဦးစလုံး လေယာဉ်ပေါ်ကလား ဆိုတာလည်း မသဲကွဲသေးပါဘူး။ လေယာဉ်ပျက်ကျရတဲ့ အကြောင်းရင်းကို FAA က စုံစမ်းနေတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
3 years Ago
Up