လေယာဉ်ငယ်တစီး

February 20, 2017

နယူးဂျာစီတွင် လူနေအိမ်များအနီး လမ်းပေါ်သို့ လေယာဉ်ငယ်တစီး ပျက်ကျ

နယူးဂျာစီ လူနေအိမ်တွေအနီး လမ်းပေါ်ကို ဖေဖော်ဝါရီ ၁၉ ရက်နေ့က လေယာဉ်ငယ်တစီး ပျက်ကျခဲ့ပါတယ်။ အိမ်တွေကို မထိခိုက်မိဘဲ ရပ်ထားတဲ့ ကားတွေကိုပဲ ထိခိုက်မိခဲ့ပေမယ့် လေယာဉ်မောင်းသူကိုတော့ ဆေးရုံပို့လိုက်ရပါတယ်။ “မီးသတ်ဌာနက ရောက်လာတော့ လေယာဉ်ငယ်လေးက ပျက်ကျပြီး ပြောင်းပြန်ဖြစ်နေတာကို တွေ့ရတယ်။ လေယာဉ်မောင်းသူက အထဲမှာ ပိတ်မိနေတယ်။ ကျနော်တို့ရဲ့ မီးသတ်ရဲဘော်တွေက ကြိုးကြိုးစားစားပဲ လေယာဉ်မောင်းသူကို ကယ်ထုတ်ခဲ့ကြတယ်။ သူ့ကို ကယ်ထုတ်လာတဲ့အချိန်မှာ သူက သတိရှိနေပါတယ်။ သူ့ကို နီးစပ်ရာ အရေးပေါ်ဆေးရုံကို ပို့ခဲ့ပါတယ်” လို့ မီးသတ်ဌာန ညွှန်ကြားရေးမှူးက ပြောခဲ့ပါတယ်။ လေယာဉ်မောင်းသူရဲ့ အခြေအနေကိုတော့ ချက်ချင်း မသိရသေးပါဘူး။ အနီးအနားမှာရှိတဲ့ အိမ်တွေကတော့ ဖြစ်တဲ့အချိန်မှာ ကြားရတဲ့အသံနဲ့ တုန်ခါမှုဟာ ငလျင်လှုပ်တာနဲ့တူတယ်လို့ ပြောပါတယ်။
4 years Ago
Up