လေယာဉ်ခိုးယူ

August 12, 2018

အမျိုးသားတဦး လေဆိပ်မှ ခိုးယူမောင်းနှင်သည့်လေယာဉ် ပျက်ကျ (ရုပ်သံ)

ဆီယက်တယ်လေဆိပ်က ခရီးသည်မပါတဲ့ လေယာဉ်တစင်းကို ခိုးယူခဲ့ပြီး ပျက်ကျစေခဲ့တဲ့ အမျိုးသားဟာ အရည်အချင်း အသင့်အတင့်ရှိတဲ့ လေဆိပ်ဝန်ထမ်း တယောက်ဖြစ်တယ်လို့ အမေရိကန် အာဏာပိုင်တွေက ပြောပါတယ်။ အဲဒီအမျိုးသားဟာ ဟရိုင်းဇွန်လေကြောင်းလိုင်းမှာ အလုပ်လုပ်နေတာ ၃ နှစ်ရှိပြီဖြစ်ပြီး  ခရီးသည်အိတ်တွေ တင်တာ၊ လေယာဉ်သန့်ရှင်းတာတွေ လုပ်နေတဲ့ ဝန်ထမ်းတယောက်ပါ။ အမေရိကန် မီဒီယာတွေမှာတော့ အဲဒီအမျိုးသားဟာ ရစ်ချက်ရက်ဆဲလ်လို့ ဖော်ပြနေပါတယ်။ အဲဒီအမျိုးသားဟာ ခရီးသည်တင်လေယာဉ်ကို မောင်းနင်ပျံသန်းခဲ့လို့ နောက်ကနေ တိုက်လေယာဉ် ၂ စင်းနဲ့ လိုက်လံဖမ်းဆီးခဲ့ရသလို လေဆိပ်ကိုလည်း ပိတ်ခဲ့ရပါတယ်။ အဲဒီအမျိုးသားဟာ လေယာဉ်ကို မိနစ် ၉ဝ နီးပါးကြာအောင်  ကျွမ်းကျွမ်းကျင်ကျင် ပျံသန်းခဲ့ပြီးနောက် ပျက်ကျအောင်လုပ်ခဲ့တာလို့ အာဏာပိုင်တွေက ပြောပါတယ်။ လေယာဉ်ဟာ ဝါရှင်တန်ပြည်နယ်ထဲက လူနေနည်းတဲ့ ခဲထရွန်ကျွန်းပေါ်မှာ ပျက်ကျခဲ့ပါတယ်။
3 years Ago
Up