လေယာဉ်ကို တမင်ထိုးဆင်းရန် တွဲဖက်လေယာဉ်မှူး စပိန်ခရီးစဉ်တွင် လေ့ကျင့်ခဲ့

June 13, 2015

ညီမဖြစ်သူ၏ မြို့စားကတော်အဆောင်အယောင် စပိန်ဘုရင် ရုပ်သိမ်း

စပိန်ဘုရင် စတုတ္ထမြောက် ဖိလစ်ပေဟာ ညီမတော် ခရစ္စတီနာ ဒီဘော်ဘွန်ရဲ့ မြို့စားကတော် အဆင့်အတန်း အဆောင်အယောင်ကို ရုပ်သိမ်းလိုက်တယ်လို့ နန်းတော်က ဇွန် ၁၂ ရက်နေ့က ပြောပါတယ်။ ဘုရင့်နှမတော်ဟာ အခွန်ငွေတွေ လိမ်လည်မှု စွဲချက်တွေနဲ့ တရားရင်ဆိုင်ရတော့မှာကြောင့် သူ့ညီမကို ထီးနန်းဆက်ခံခွင့် စွန့်လွှတ်ပေးဖို့ ဖိအားတွေ ကြုံရတယ်လို့လည်း ဆိုပါတယ်။ လွန်ခဲ့တဲ့တနှစ်က ခမည်းတော် ဟွမ်ကားလို့စ်ဆီကနေ ထီးနန်းဆက်ခံခဲ့တဲ့ အသက် ၄၇ နှစ်အရွယ် ဘုရင်ဖိလစ်ပေဟာ ဇွန် ၁၂ ရက်နေ့မှာ တရားဝင် နိုင်ငံတော် အမိန့်ပြန်တမ်း ထုတ်ပြန်လိုက်တာဖြစ်ပြီး နာမည်ဆိုးတွေထွက်နေတဲ့ ဘုရင်စနစ်ရဲ့ပုံရိပ်ကို ပြန်လည်ရှင်သန်စေတဲ့ လုပ်ရပ်လည်း ဖြစ်ပါတယ်။ ဘုရင်ရဲ့ဆောင်ရွက်ချက်ကို မက်ဒရစ်မြို့ခံတွေက ကြိုဆိုကြပါတယ်။ နှမတော် ခရစ္စတီနာဟာ ဒီနှစ်ထဲလောက်မှာပဲ အမှုစစ်ေဆးခံရမှာ ဖြစ်ပြီး တရားစွဲဆိုခံရမယ့် ပထမဆုံး စပိန်ဘုရင်မျိုးနွယ် ဖြစ်ပါတယ်။ စပိန်ဘုရင်ဟောင်း ဟွမ်ကားလို့စ်က ၁၉၉၇ ခုနှစ်မှာ သမီးတော် ခရစ္စတီနာကို ပါလ်မာ ဒီ မာလော်ကာ မြို့စားအဆောင်အယောင် ချီးမြှင့်ခဲ့တာဖြစ်ပါတယ်။ မင်းသမီး ခရစ္စတီနာရဲ့ကြင်ယာတော် အိုလံပစ် လက်ပစ်ဘော ကစားသမားဟောင်း အင်နာကီ အူဒန်ဂါရင်လည်း သူ့ရဲ့ နူးစ်ဖောင်ဒေးရှင်း ပရဟိတကို ကာလကြာ စုံစမ်းစစ်ဆေးရေး ၀င်လိုက်ပြီးနောက်မှာ လူထုရန်ပုံငွေကို အလွဲသုံးစားမှုနဲ့ ရင်ဆိုင်နေရပါတယ်။ စပိန်နိုင်ငံမှာ အဆင့်မြင့်အလွှာ လူတန်းစားတွေကို သူတို့ရဲ့ အကျင့်ပျက်ခြစားမှုတွေကြောင့် စပိန်ပြည်သူတွေရဲ့ ယုံကြည်လေးစားမှုတွေ ကျဆင်းနေတဲ့အတွက်  အာဏာအလွဲသုံးမှုတွေ လာဘ်ပေးလာဘ်ယူမှုတွေအပေါ် စုံစမ်းစစ်ဆေးရေးတွေ လုပ်ဆောင်လာတာပါ။ ပြီးခဲ့တဲ့နှစ် နှစ်ကုန်ပိုင်းတုန်းက ဘုရင့်နှမတော် စုံတွဲနဲ့အတူ နောက်ထပ် ၁၅ ဦးကို တရားရုံးမှာ အမှုရင်ဆိုင်ဖို့ အမိန့်ထုတ်ထားတာပါ။ နေ့ရက် အတိအကျ မသတ်မှတ်ရသေးပေမယ့် ဒီနှစ်လယ်နှောင်းပိုင်းမှာ ဒီအမှု တရားရုံးကို ရောက်လာမယ်လို့ မျှော်လင့်ထားပါတယ်။ ဘုရင့်နှမတော် စုံတွဲကတော့ ဒီကိစ္စတွေကို ငြင်းဆန်ထားပါတယ်။
7 years Ago

May 10, 2015

၈ နှစ်အရွယ်ကလေးကို အ၀တ်သေတ္တာထဲထည့်လာသူ စပိန်ရဲဖမ်းဆီး

အာဖရိကမြောက်ပိုင်းက စပိန်ပိုင် စီတာ (Ceuta) မြို့မှာ အသက် ၈ နှစ်အရွယ် ယောက်ျားလေးတဦးကို အ၀တ်သေတ္တာထဲထည့် သယ်ဆောင်လာသူ မော်ရိုကိုနိုင်ငံသူ အမျိုးသမီးတဦးကို စပိန်အာဏာပိုင်တွေက မေ ၇ ရက်နေ့က ဖမ်းဆီးခဲ့ပါတယ်။ အ၀တ်သေတ္တာဆွဲလာတဲ့ အသက် ၁၉ နှစ် အရွယ်မိန်းကလေးဟာ စိုးရိမ်ထိတ်လန့်နေတာကို အကောက်ခွန်ဝန်ထမ်းတွေက ရိပ်မိခဲ့ပြီး စစ်ဆေးခဲ့တာလို့ အစိုးရပြောခွင့်ရက ပြောဆိုပါတယ်။ မော်ရိုကိုနဲ့ နယ်စပ် Tarajal စစ်ဆေးရေးဂိတ်မှာ စစ်ဆေးတွေ့ရှိတာလို့လည်း ပြောဆိုပါတယ်။ နောက် ၁ နာရီခွဲအကြာမှာ ကလေးဖြစ်သူရဲ့ ဖခင်ကိုလည်း အဲ့ဒီမှာပဲ ဖမ်းဆီးရမိခဲ့ပါတယ်။ အရင် Ivory Coast နိုင်ငံက ဖြစ်ပြီး လောလောဆယ် စပိန်ပိုင် Canary ကျွန်းနေထိုင်ခွင့်လက်မှတ်ကို ကိုင်ဆောင်ထားသူလည်းဖြစ်ပါတယ်။ [caption id="attachment_92400" align="aligncenter" width="548"]ဓာတ်ပုံ - အေအက်ဖ်ပီ ဓာတ်ပုံ - အေအက်ဖ်ပီ[/caption] သူ့ရဲ့သားကို မော်ရိုကိုအမျိုးသမီးငယ်ကို ပိုက်ဆံပေးသယ်ဆောင်ခိုင်းခဲ့တာလို့လည်း စပိန်သတင်းစာတစောင်က ဖော်ပြပါတယ်။ ဖခင်ဖြစ်သူကိုရော၊ သယ်ဆောင်သူအမျိုးသမီးငယ်ကိုပါ ဥပဒေအရအရေးယူဖို့ စီတာမြို့မှာ ထိန်းသိမ်းထားတယ်လို့ မြို့ခံ တရားသူကြီးတဦးက ပြောဆိုပါတယ်။
7 years Ago

စပိန်တွင် စစ်ဘက်လေယာဉ် ပျက်ကျ၊ ၃ ဦး သေဆုံး

စပိန်နိုင်ငံ ဆီဗီလာမြို့မှာ အဲဘတ်စ်ကုမ္ပဏီထုတ် စစ်ဘက်သယ်ယူပို့ဆောင်ရေး လေယာဉ်တစီး မေ ၉ ရက်နေ့က ပျက်ကျခဲ့ပြီး အနည်းဆုံး လူ ၃ ဦးသေဆုံးခဲ့တယ်လို့ စပိန်အရေးပေါ်ကယ်ဆယ်ရေးဌာနက ပြောဆိုပါတယ်။ ဆီဗီလာမြို့ ဆန်ပပါလိုလေဆိပ်မြောက်ဘက် ၁ မိုင်အကွာမှာ စမ်းသပ်ပျံသန်းရင်း ပျက်ကျခဲ့တာလို့ ပြောဆိုပြီး လေယာဉ်ပေါ်ပါသူ ၇ ဦးမှာ ၃ ဦး သေဆုံး၊ ၂ ဦးက အပြင်းအထန်ဒဏ်ရခဲ့ပါတယ်။ ကျန် ၂ ဦးကတော့ အခြေအနေမသိရသေးဘူးလို့ အရေးပေါ်ကယ်ဆယ်ရေး ပြောခွင့်ရအမျိုးသမီးက ပြောဆိုပါတယ်။ လာမယ့်မေလ ၂၄ ရက် ဒေသခံရွေးကောက်ပဲအတွက် စည်းရုံးရေးဆင်းနေတဲ့ ၀န်ကြီးချုပ် မာရီယာနို ရဟွိုင်းက လေယာဉ်ပေါ်ပါသူတွေဟာ စစ်ဘက်ဝန်ထမ်းတွေမဟုတ်ဘဲ အဲဘတ်စ်ကုမ္ပဏီဝန်ထမ်းတွေ ဖြစ်တယ်လို့ ပြောဆိုပါတယ်။ ဒီ A400M Atlas လေယာဉ်ကို ဆီဗီယာမြို့မှာပဲ တပ်ဆင်ခဲ့တာဖြစ်ပြီး တူရကီနိုင်ငံက မှာယူထားတာလို့ ဆိုပါတယ်။ ဒီလေယာဉ်စီမံကိန်းဟာ အမေရိကန်ဒေါ်လာ ၂၂.၄ ဘီလီယံကုန်ကျပြီး စပိန်နဲ့ နေတိုးအဖွဲ့ဝင် နိုင်ငံတွေဖြစ်တဲ့ ဘယ်လ်ဂျီယမ်၊ ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ၊ လူဇင်ဘတ်နဲ့ တူရကီနိုင်ငံတို့က မှာယူထားကြတာပါ။ ဥရောပရဲ့ အကြီးဆုံးလေတပ်စီမံကိန်းကြီးဖြစ်ပြီး အဲ့ဒီစီမံကိန်းရဲ့ ပထမဆုံးလေယာဉ်ပျက်ကျမှုလည်းဖြစ်ပါတယ်။ စပိန်ဝန်ကြီးချုပ် ရဟွိုင်းကတော့ ဒီလေယာဉ်ပျက်ကျမှုကို ဖြေရှင်းချက်ပေးဖို့ အဲဘတ်စ်ကုမ္ပဏီကို တောင်းခံထားပါတယ်။
7 years Ago
Up