အမေရိကန်နိုင်ငံ ဟာဝိုင်အီပြည်နယ်မှာ ဇွန်လ ၂၁ ရက်နေ့က လေယာဉ်တစီး ပျက်ကျခဲ့တဲ့အတွက် လူ ၉ ယောက် သေဆုံးတယ်လို့ ဟာဝိုင်အီပို့ဆောင်ရေးဌာနက ပြောကြားပါတယ်။
အင်ဂျင်နှစ်လုံးတပ် King Air လေယာဉ်ငယ်ဟာ ဒီလင်ဟမ် လေယာဉ်ကွင်းအနီး ပျက်ကျခဲ့ပြီး အသက်ရှင်သူ တွေ့ဖွယ်မရှိဘူးလို့ အဲဒီဌာန သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
လေယာဉ်ဟာ အတက် ဒါမှမဟုတ် အဆင်းမှာ ပျက်ကျသလားဆိုတာ သဲသဲကွဲကွဲ မသိရသေးပါဘူး။
ဟိုနိုလူလူ မီးသတ်ဌာနတာဝန်ရှိသူတဦးက ညနေ ၆ နာရီခွဲဝန်းကျင်မှာ လေယာဉ်တစီးပျက်ကျတယ်လို့ အကြောင်းကြားလာပြီး သွားရောက်တဲ့အခါမှာတော့ တစီးလုံး မီးကျွမ်းနေတယ်လို့ ဆိုပါတယ်။
လေယာဉ်ပေါ်လိုက်ပါလာသူ ၉ ယောက်ရှိပြီး အသက်ရှင်သူ မရှိဘူးလို့ မီးသတ်ဌာနတာဝန်ရှိက ပြောပါတယ်။
2 years Ago